Connect with us

Hi, what are you looking for?

သတင်း

သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်၌ စစ်ကောင်စီနှင့် TNLA တိုက်ပွဲဆက်ဖြစ်မိုးမိတ်

မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(ရှမ်းမြောက်တိုက်ပွဲများအတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်တိုက်ပွဲများအတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)

ဟန်နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၉ရက်မြောက် ဖြစ်သည့် ယနေ့ (ဇူလိုင် ၁၃ရက်)တွင် မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့နယ် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး ထိခိုက်ကျဆုံး အပါအဝင် တိုက်ပွဲ သတင်းအသေးစိတ်အခြေအနေများ ဖော်ပြမထားပေ။

ထို့အတူ မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ရှမ်းမြောက်တိုက်ပွဲများအတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်တိုက်ပွဲများအတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

မိုးမိတ်မြို့အတွင်း၌လည်း စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ(၂၂၃)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တအာင်းတပ်မတော် TNLA ၊ PLAနှင့် MOD PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သီပေါမြို့နယ် စစ်ကောင်စီတပ်စခန်း ဆန်ဖိတ်နှင့် (၅၀၃၊ ၅၀၄) စခန်းတို့ကိုလည်း TNLAက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နောင်ချိုမြို့နယ် နောင်လိုင်ရွာ၊ သဲခေါ်ရွာတို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။ ထိုသို့ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှု ရှိ၊မရှိ ကို ဖော်ပြမထားပေ။

TNLAနှင့် မဟာမိတ်တပ်များသည် ဇွန်လ ၂၅ရက် မှ စ၍ ကျောက်မဲ ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကာ မိုးကုတ် အနောက်ပိုင်းကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် ကျောက်မဲမြို့ပေါ်ကိုလည်း TNLA တပ်များ ဝင်ရောက်နေရာယူထားနိုင်ပြီး ကျန် စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

(ရှမ်းမြောက်တိုက်ပွဲများအတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်တိုက်ပွဲများအတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

တိုက်ပွဲအတွင်း အရပ်သားသေဆုံးထိခိုက်မှု အခြေအနေကိုလည်း TNLAက ထုတ်ပြန်ခဲ့ရာ ယမန်နေ့ ညက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် လားရှိုးမြို့ ရပ်ကွက်(၄)ရှိ ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၃ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့ နံနက်တွင်လည်း ရပ်ကွက်(၂) နှင့် ရပ်ကွက်(၁၀)တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သား ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ကျောက်မဲမြို့အနီး မန်ခဲရွာတွင်လည်း စစ် ကောင်စီ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ဦး အပါအဝင် အရပ်သား ၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲ ၁၉ရက်အတွင်း အရပ်သား ၆၁ ဦးသေဆုံးကာ ၉၁ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ဖော်ပြခဲ့ပြီးစစ်ကောင်စီ၏ အရပ်သား ဦးတည် ကာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။