Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်ကို ဝိုင်းတိုက်ပါက တကယ်ပြိုမည်ဖြစ်၍ ဟန်ချက်ညီစွာတိုက်ကြရန် TNLA ခေါင်းဆောင် တိုက်တွန်း

စစ်ဆင်ရေး ဒုတိယပိုင်းလဝက်အတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ကျော် သိမ်းပိုက်ကာ နောင်ချိုမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကျောက်မဲ၊ သီပေါ၊မိုးကုတ်၊ မိုးမိတ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

(နောင်ချိုမြို့ရှိ ၆၀၆ဒုံးတပ်ရင်းအားရသိမ်းပိုက် ပြီးနောက် တွေ့ရသော TNLAပူးပေါင်းတပ်များ။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့ရှိ ၆၀၆ဒုံးတပ်ရင်းအားရသိမ်းပိုက် ပြီးနောက် တွေ့ရသော TNLAပူးပေါင်းတပ်များ။ ဓာတ်ပုံ - TNLA)

” အာဏာရှင်တံတိုင်းဟာ ခိုင်မာမှုမရှိတော့ပါဘူးတကယ်တိုက်ရင် တကယ်ပြိုတယ်” – ဗိုလ်ချုပ် တားဘုန်းကျော်

ဟန်နွေ/People’s Spring

အာဏာရှင်စနစ်အား တက်ညီလက်ညီတိုက်ကြရန် တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က တိုက်တွန်းသည်။

“အာဏာရှင်တံတိုင်းကို ခေါင်းနဲ့တိုက်ကြည့်ခြင်း” အမည်ရှိ ကဗျာကို ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားပြီး ၎င်း၏ Facebook၌ ရေးသားဖော်ပြ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“အာဏာရှင်တံတိုင်းကို ခေါင်းနဲ့တိုက်တဲ့အမိုက်မဲတွေတဲ့ရှောင်လွှဲမရလို့ တိုက်ကြည့်လိုက်တယ်၊ အာဏာရှင်တံတိုင်းတွေ တထပ်ပြီး တထပ်ပြိုကွဲလို့ တမြို့ပြီးတမြို့ တံတိုင်းတွေလဲပြို၊ ငါတို့ခေါင်းမှာတော့ သွေးတွေ ရဲရဲနီလို့ပေါ့”ဟု ဗိုလ်ချုပ်တားဘုန်းကျော်၏ ကဗျာ၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်များနှင့်အတူ ၂၀၂၃ အောက်တိုဘာ ၂၇မှ စတင်ဆင်နွှဲခဲ့ရာ စစ်ဆင်ရေးပထမပိုင်းတွင် ရှမ်းမြောက် တအာင်းဒေသရှိ နမ့်ဆန်၊ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းလုံ၊ နမ္မတူ၊ မိုင်းငေါ့၊မန်တုံ မြို့ ၇မြို့၊ စစ်ကောင်စီတပ်စခန်း ၈၀ကျော် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ၂၀၂၄ ဇန်နဝါရီ ၁၁ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့်အပစ်ရပ်စဲခဲ့သော်လည်း ဇွန်လ ၂၅ရက်တွင် အပစ်ရပ်စဲရေး ပျက်ပြယ်ကာ TNLAနှင့် မဟာမိတ်များကို စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

စစ်ဆင်ရေး ဒုတိယပိုင်းလဝက်အတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ကျော် သိမ်းပိုက်ကာ နောင်ချိုမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကျောက်မဲ၊ သီပေါ၊မိုးကုတ်၊ မိုးမိတ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီ တပ်ပျက်နေပြီဖြစ်၍ အမှန်တကယ် တိုက်ခိုက်ပါက အမှန်တကယ် ပြိုမည်ဟုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

“ဆယ်စုနှစ်ချီ ကြောက်ရွှံ့လာခဲ့သလို အာဏာရှင်တံတိုင်းဟာ ခိုင်မာမှုမရှိတော့ပါဘူး။

တကယ်တိုက်ရင် တကယ်ပြိုတယ်။ ငါတို့ခေါင်းမှာတော့ သွေးတွေ ရဲရဲနီလို့ပေါ့။ ချစားမှုကုဋေကဋာနဲ့တည်ဆောက်ထားတဲ့ တံတိုင်းကို ငါတို့ခေါင်းတွေနဲ့ ဟန်ချက်ညီတိုက်ကြစို့။

ဖျာဝင်ခင်းသူရှိလည်း ငါတို့ဘဝတွေလည်စင်းခံထားတာမို့ တက်ညီလက်ညီ တိုက်ကြစို့။ ဒီ မြန်မာပြည် အာဏာရှင်တံတိုင်းကို ငါတို့ခေါင်းနဲ့ ဝိုင်းတိုက်ရင် ဒီတခါ တကယ်ပြိုပါတယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားထားသည်။

လက်ရှိတွင် TNLAသည် ညီနောင်မဟာမိတ်များနှင့်အတူ စစ်ရေးဆောင်ရွက်လျက်ရှိသကဲ့သို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။

မန္တလေး PDF နှင့် ပူးပေါင်းတပ်များသည်လည်း ၁၀၂၇ စစ်ဆင်ရေးနှင့်ဟန်ချက်ညီစွာ ရှမ်းမန်း စစ်ဆင်ရေးကို မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးမြို့နယ်အတွင်း ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။