Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၆ဦး ထပ်မံသေဆုံး

စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား ၆ဦီး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်လေးလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ထားမြတ်

စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား ၆ဦီး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်လေးလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ရှမ်းမြောက်ရှိ လားရှိုးနှင့် ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ် ခဲ့ရသည့် အခြေအနေကို အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဇူလိုင် ၁၆ရက်)က ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ အသက် (၄၀)နှစ်အရွယ် အမျိုးသမီးတစ်နှင့် အမျိုးသား နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် ရပ်ကွက် (၈)တွင်လည်း ကားဝမ်ရှော့ဆိုင်အတွင်း လက်နက်ကြီးကျရောက်‌ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားရာ ကားသုံးစီး မီးလောင်ပျက်စီးသွားခဲ့ဟု အသိပေးသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် (၁)တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် သုံးဦးလက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

(ရှမ်းမြောက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ထို့အပြင် မိုးကုတ်အရှေ့ပိုင်း ညောင်လေးပင်တွင် လက်နက်ကြီးနေအိမ်ပေါ် ကျရောက်မှုကြောင့် အမျိုးသားတစ်ဦးထိမှန်ဒဏ်ရာရရှိပြီး ချမ်းမြေ့သာယာရပ်ကွက်နှင့် ရေပူတွင်လည်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှု ဖြစ်ရာ နေအိမ် သုံးလုံးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

(ရှမ်းမြောက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

TNLA အနေဖြင့် ဇူလိုင် ၁၄ရက် ညပိုင်းမှ ၁၈ရက် ညပိုင်းအထိ အပစ်ရပ်ထားမည်ဟု အသိပေးထားသော်လည်း တိုက်ပွဲများ ယနေ့အထိ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

အရပ်သားကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် TNLAက အပစ်ရပ်ကြေညာထားသည့် ဇူလိုင် ၁၄ရက်မှ ယနေ့အထိ ၃ရက်တာအတွင်း အရပ်သား ၉ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

TNLAနှင့် မဟာမိတ်တပ်များသည် ဇွန်လ ၂၅ရက် မှစတင်၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသည့် အရပ်သား ၇၆ဦးထက်မနည်းရှိခဲ့ပြီး ပြည်သူ ၁၁၀ကျော် ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။