Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြစ်ဆိပ်တွင် မတ္တရာမှလာရောက်သူများအား စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

မန္တလေးမြို့သို့ ရေကြောင်းမှဝင်ရောက်လာသော မတ္တရာမြို့နယ်များမှ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေရာ အမျိုးသမီးငယ်တစ်ဦး ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့ မရမ်းခြံဆိပ််ကမ်းသို့ဝင်ရောက်လာသော ရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့သို့ ရေကြောင်းမှဝင်ရောက်လာသော မတ္တရာမြို့နယ်များမှ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေရာ အမျိုးသမီးငယ်တစ်ဦး ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနှင့်၂၆ လမ်းကြား၊ ဧရာဝတီမြစ်ကမ်းနားလမ်းရှိ မရမ်းခြံဆိပ်ကမ်းတွင် စစ်ကောင်စီတပ်က စက်လှေများ၊ မော်တော်များအား စစ်ဆေးနေကြောင်း၊ ယမန်နေ့ (ဇူလိုင် ၁၈ရက်)က မတ္တရာမြို့နယ်၊ဒေါင်းကျွန်းကျေးရွာမှ လာရောက်သည့် ရေယာဥ်တစ်စီးပေါ်မှ (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖုန်းအားစစ်ဆေးရာ PDFနှင့်ဆက်သွယ်သည်ဟု စွပ်စွဲ၍ ဖမ်း​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“Tiktok မက်ဆေ့တွေကအစ စစ်ပြီးဖမ်းသွားတာပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မတ္တရာမြို့နယ်ရှိ စက်လှေများကို ညောင်ကွဲဆိပ်ကမ်းတွင် ကမ်းကပ်ခွင့်မပေးတော့ဘဲ ကမ်းအနီးနားရှိ သစ်ပင်များတွင်ကြိုးဖြင့်ချည်ခိုင်းကာ မှတ်ပုံတင်များစစ်ဆေးပြီးရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုဇယား များပါ တောင်းခံနေကြောင်း၊ မော်တော်များတွင် ရွာအမည်နှင့်စစ်အုပ်စု သက်မှတ်ချပေးထားသော နံပါတ်များကို ဆေးသုတ်ခိုင်းထားကာ ဆေးမသုတ်ထားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း Voice Of Mandalay အဖွဲ့က အသိပေးထားသည်။

မတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီ​၏ တပ်စခန်း စုစုပေါင်း ၂၈ခုထိ သိမ်းပိုက်ရရှိထားသည်။

မတ္တရာစစ်ဆင်ရေးများအတွင်း စစ်ကောင်စီ​၏ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများလည်း မန္တလေး PDFက သိမ်းဆည်းရရှိထားသည်။ လက်ရှိတွင်လည်း မတ္တရာမြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ကျေးရွာများအား ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်​နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။