Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြစ်ဆိပ်တွင် မတ္တရာမှလာရောက်သူများအား စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

မန္တလေးမြို့သို့ ရေကြောင်းမှဝင်ရောက်လာသော မတ္တရာမြို့နယ်များမှ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေရာ အမျိုးသမီးငယ်တစ်ဦး ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့ မရမ်းခြံဆိပ််ကမ်းသို့ဝင်ရောက်လာသော ရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့သို့ ရေကြောင်းမှဝင်ရောက်လာသော မတ္တရာမြို့နယ်များမှ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေရာ အမျိုးသမီးငယ်တစ်ဦး ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနှင့်၂၆ လမ်းကြား၊ ဧရာဝတီမြစ်ကမ်းနားလမ်းရှိ မရမ်းခြံဆိပ်ကမ်းတွင် စစ်ကောင်စီတပ်က စက်လှေများ၊ မော်တော်များအား စစ်ဆေးနေကြောင်း၊ ယမန်နေ့ (ဇူလိုင် ၁၈ရက်)က မတ္တရာမြို့နယ်၊ဒေါင်းကျွန်းကျေးရွာမှ လာရောက်သည့် ရေယာဥ်တစ်စီးပေါ်မှ (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖုန်းအားစစ်ဆေးရာ PDFနှင့်ဆက်သွယ်သည်ဟု စွပ်စွဲ၍ ဖမ်း​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“Tiktok မက်ဆေ့တွေကအစ စစ်ပြီးဖမ်းသွားတာပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မတ္တရာမြို့နယ်ရှိ စက်လှေများကို ညောင်ကွဲဆိပ်ကမ်းတွင် ကမ်းကပ်ခွင့်မပေးတော့ဘဲ ကမ်းအနီးနားရှိ သစ်ပင်များတွင်ကြိုးဖြင့်ချည်ခိုင်းကာ မှတ်ပုံတင်များစစ်ဆေးပြီးရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုဇယား များပါ တောင်းခံနေကြောင်း၊ မော်တော်များတွင် ရွာအမည်နှင့်စစ်အုပ်စု သက်မှတ်ချပေးထားသော နံပါတ်များကို ဆေးသုတ်ခိုင်းထားကာ ဆေးမသုတ်ထားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း Voice Of Mandalay အဖွဲ့က အသိပေးထားသည်။

မတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီ​၏ တပ်စခန်း စုစုပေါင်း ၂၈ခုထိ သိမ်းပိုက်ရရှိထားသည်။

မတ္တရာစစ်ဆင်ရေးများအတွင်း စစ်ကောင်စီ​၏ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများလည်း မန္တလေး PDFက သိမ်းဆည်းရရှိထားသည်။ လက်ရှိတွင်လည်း မတ္တရာမြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ကျေးရွာများအား ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်​နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။