Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က စဥ့်ကူးမြို့ အပါအဝင် စဥ့်ကူးတစ်မြို့နယ်လုံးကို ဇူလိုင် ၁၇ ရက်ကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး​နောက် ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့ ရှိလာပြီဖြစ်ပါတယ် ။

People’s Spring အရင်အင်ဖိုဂရပ်​တွေမှာ မပါ​သေးတဲ့ အခြားမြို့က တာမိုးညဲမြို့ဖြစ်ပါတယ် ။ ကွတ်ခိုင်မြို့နယ် ထဲက တားမိုးညဲ ​ဒေသက ဒတ်နှိုင်း(Daknai) စစ်ကောင်စီတပ်စခန်းကို KIA က ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်စစ်တပ်စခန်းတွေကို လည်း၁၀၂၇ စစ်ဆင်​ရေး ပထမလှိုင်းအတွင်းမှာပဲ​တော်လှန်​ရေးတပ်​​တွေက သိမ်းပိုက်ပြီး တာမိုးညဲ မြို့ကို ထိန်းချုပ်ခဲ့တာပါ။

အလားတူ​တော်လှန်​ရေးအဖွဲ့​တွေ သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် မထုတ်ပြန်တာ​ကြောင့် အခု အင်ဖိုဂရပ်မှာ မပါဝင်​သေးတဲ့ မြို့​တွေ ၊​ဒေသ​တွေ ကျန်ရှိနိုင်ပါ​သေးတယ် ။ ​

နွေဦး​တော်လှန်​ရေးမှာ ပထမဆုံးမြို့သိမ်းတိုက်ပွဲကို ကရင်နီတပ်​ပေါင်းစု က ၂၀၂၃ ဇွန် ၂၄ ရက်တွင် ​မယ်စဲ့မြို့ နဲ့ မယ်စဲ့မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။

ဒါ​ကြောင့် မယ်စဲ့ မြို့သိမ်းတာ ကစပြီး ၁၃ လနီးပါး အတွင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၇၂ ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်​တွေက ဆက်လက်ပြီး​တော့ သံတွဲ ၊​မောင်​တော၊ မိုးကုတ်၊ မိုးမိတ် ၊ ​ကျောက်မဲ ၊ မတ္တရာ ၊သပိတ်ကျင်း စတဲ့မြို့နယ်​တွေက စစ်​​ကောင်စီတပ်စခန်း​တွေကို ထိုးစစ်ဆင်တိုက်ချုက်​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

အတွေးအမြင်

ဒီပ/People’s Spring ဆယ်စုနှစ်​ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာ​တွေကို စိတ်ကြိုက်သုံးပြီး ​ခေတ်မီတပ်မ​တော်ဆိုကာဟန်​ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အ​ခြေအ​နေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်​ရေးကြီးတစ်ခုရှိပါတယ် ။ စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်​လောက်ထိ​ကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံး​ကောင်ရုပ်ပုံ​တွေကို စစ်တပ်ရုံး​တွေ၊စခန်း​တွေမှာ ​ဇောက်ထိုးထား ယတြာ​ချေခဲ့ရတယ်အထိ စစ်အုပ်စု က​ယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်​ရေးလို့​ခေါ်ပါတယ် ။ ၁၀...

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။