People’s Spring အရင်အင်ဖိုဂရပ်တွေမှာ မပါသေးတဲ့ အခြားမြို့က တာမိုးညဲမြို့ဖြစ်ပါတယ် ။ ကွတ်ခိုင်မြို့နယ် ထဲက တားမိုးညဲ ဒေသက ဒတ်နှိုင်း(Daknai) စစ်ကောင်စီတပ်စခန်းကို KIA က ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်စစ်တပ်စခန်းတွေကို လည်း၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်းမှာပဲတော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး တာမိုးညဲ မြို့ကို ထိန်းချုပ်ခဲ့တာပါ။
အလားတူတော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် မထုတ်ပြန်တာကြောင့် အခု အင်ဖိုဂရပ်မှာ မပါဝင်သေးတဲ့ မြို့တွေ ၊ဒေသတွေ ကျန်ရှိနိုင်ပါသေးတယ် ။
နွေဦးတော်လှန်ရေးမှာ ပထမဆုံးမြို့သိမ်းတိုက်ပွဲကို ကရင်နီတပ်ပေါင်းစု က ၂၀၂၃ ဇွန် ၂၄ ရက်တွင် မယ်စဲ့မြို့ နဲ့ မယ်စဲ့မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။
ဒါကြောင့် မယ်စဲ့ မြို့သိမ်းတာ ကစပြီး ၁၃ လနီးပါး အတွင်းမှာ တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၂ ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ် ။
တော်လှန်ရေးတပ်တွေက ဆက်လက်ပြီးတော့ သံတွဲ ၊မောင်တော၊ မိုးကုတ်၊ မိုးမိတ် ၊ ကျောက်မဲ ၊ မတ္တရာ ၊သပိတ်ကျင်း စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ချုက်နေပါတယ် ။