Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ရှစ်ဦးသေ၊ ရှစ်ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရှစ်ဦးဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည့်။

သပိတ်ကျင်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

မိထက်/People’s Spring

ဒုအရာခံဗိုလ် ရွှေသိန်းဦးစီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးရှိနေသော အဆိုပါစခန်းနှစ်ခုကို ဇူလိုင် ၂၀ရက် နံနက် ၇နာရီတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ငါးဦးနှင့် တပ်ကြပ်သုံးဦးသေဆုံးပြီး ဒုအရာခံဗိုလ်ရွှေသိန်း၊ တပ်ကြပ်ကြီးလေးဦး၊ တပ်ကြပ်သုံးဦးဖမ်းမိထားသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်နက်ငယ် (၂၃)လက်၊ ကျည်မျိုးစုံ (၃၃၇၉)တောင့်၊ လက်ပစ်ဗုံး လေးလုံး၊ ရှေ့ထွက်မိုင်းတစ်လုံးနှင့် ကျည်အိမ် (၉၉)ခု သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအား အထူးလှုပ်ရှား တပ်ရင်း-၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် (၂) ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြလုပ်ခဲ့သည်ဟု အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ

သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲသည့် မတ်လက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အလောင်း ၁၄လောင်း၊ လက်နက်ငယ် ၁၈လက်နှင့် လက်နက်ခဲယမ်းများ၊စစ် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ် ဒေသက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook