Connect with us

Hi, what are you looking for?

သတင်း

ဆေး​ဈေးတက်ပြီးရှားပါးလာချိန်တွင် စစ်ကောင်စီက ​ဆေးဝါးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍​ရောင်း​ပေးရန် ဖိအား​ပေး

ပြည်တွင်း၌ ဆေးဝါးများ ရှားပါးလာပြီး ဈေးတက်​​နေချိန်တွင် စစ်ကောင်စီက ​ဈေးကျ​စေရန် ဆိုကာ ဆေးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍ တိုက်ရိုက်ရောင်းချခိုင်းနေကြောင်း ဆေးကုမ္ပဏီထံမှသိရသည်။

​ဆေးဝါးဝယ်ယူရန် ​ဆေးဆိုင်တစ်ဆိုင်၌ တန်းစီ​နေကြသူများကို ၂၀၂၂ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-CJ
ဆေးဝါးတင်သွင်းမှုနှင့် ​ရောင်းချမှုအ​ပေါ် တင်းကြပ်လာ၍ ဆေးဝါးတင်သွင်း​ရောင်းချ​သောကုမ္ပဏီကြီးအချို့လုပ်ငန်းရပ်နား
​ဒေါ်လာ ၊​ရွှေ ၊စားအုန်းဆီ ၊ ဆန် ၊ဘဏ် လုပ်ငန်းများပြီး​နောက် ​ဆေးဝါးလုပ်ငန်းများကိုစစ်​ကောင်စီပိုတင်းကြပ်လာ

စောနွေဦး/People’s Spring

ပြည်တွင်း၌ ဆေးဝါးများ ရှားပါးလာပြီး ဈေးတက်​​နေချိန်တွင် စစ်ကောင်စီက ​ဈေးကျ​စေရန် ဆိုကာ ဆေးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍ တိုက်ရိုက်ရောင်းချခိုင်းနေကြောင်း ဆေးကုမ္ပဏီထံမှသိရသည်။

စစ်ကောင်စီက ၂၀၂၃ ဇူလိုင်လမှစတင်ပြီး ပြည်ပမှဆေးဝါးတင်သွင်းမှုကို လိုင်စင်ကန့်သတ်ပြီးနောက်တွင် ဈေးကွက်အတွင်း ဆေးဝါးများ ရှားပါးပြီး အဆမတန်ဈေးနှုန်းမြင့်တက်လာခြင်းအပေါ် ဖြေရှင်းရန် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက​ဆေးကုမ္ပဏီများကို ​ဈေးကွက်အတွင်းဖိအား​ပေး​ရောင်းချခိုင်းခြင်းဖြစ်သည်ဟု ဆေးဝါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဈေးကွက်ထဲမှာ ဈေးဝါးပြတ်လပ်တာနဲ့ ဈေးကြီးတာတွေဖြစ်နေလို့ အခုလို့ ကုမ္ပဏီတွေကို ရောင်းချခိုင်းတာပါ။ ပြည်ပဆေးဝါးတင်သွင်းတာကို ပြန်လည်ဖြေလျော့ပေးတယ်ဆိုပေမယ့် တင်သွင်းဖို့ ဒေါ်လာက ရှာရအရမ်းခက်နေတယ်”ဟု ဆေးဝါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​ဆေးဝါး​ဈေးတက်ခြင်းမှာ ​ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို ကန့်သတ်လိုက်၍ ​​တင်သွင်းမှုနည်းကာဆေးရှားပါးလာ ​ခြင်း ။ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျဆင်း​နေ၍ ကျန်ကုန်စည်များကဲ့သို့ ​ဈေးတက်ခြင်း မှာအဓိကအ​ကြောင်းရင်းဖြစ်​ကြောင်း​ဆေးဝါးတင်သွင်း​ရောင်းချ​​သောလုပ်ငန်းရှင်အချို့က​ပြောသည်။

သို့​သော်စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ​ဆေးဝါးနှင့် ​ဆေးဝါးပစ္စည်းတင်သွင်း​ရောင်းချသူများအသင်း ၏ အသင်းဝင် ဆေးကုမ္ပဏီ ၄၀ခန့်ကို “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ဟု​သော​ခေါင်းစဥ် ရန်ကုန်မြို့တွင် ဇူလိုင် ၁၇ ရက်က စတင်ပြုလုပ်ခဲ့သည်။ ထိုသို့ရောင်းချခြင်းမှာ စီးပွားရေးအရတွက်ချက်မကိုက်ကြောင်းနှင့် ရေရှည်တွင် အဆင်ပြေမည်မဟုတ်ကြောင်းလည်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အရင်က သမဝါယခေတ်ကလို အကုန်လုံးကို သူတို့ထိန်းချုပ်ထားပြီး လုပ်ကိုင်ချင်တဲ့ သဘောပါပဲ။ ဘာကုန်ပစ္စည်းမဆို ဘယ်လောက်နဲ့ ရောင်းရမယ်ဆိုပြီးအာဏာနဲ့ သတ်မှတ်ချင်တဲ့ စိတ်ပဲရှိတယ်။ သူတို့မှာ (စစ်ကောင်စီ) စီးပွားရေးအရအမြင်ဘာမှမရှိဘူး”ဟု အဆိုပါလုပ်ငန်းရှင်ကပြောသည်။

ထိုအ​ရောင်းပြပွဲကို လက်ရှိတွင် ရန်ကုန်မြို့ ၊ကုန်သည်လမ်းနှင့် လမ်း ၃၀ ​ထောင့်ရှိ ကုန်သွယ်​ရေးမြှင့်တင်​ရေးအဖွဲ့ ၊ရန်ကုန်တိုင်းဦးစီးရုံး ၌ ဇူလိုင် ၁၇ညရက်မှစတင်​ရောင်းချ​ပေး​နေခြင်းဖြစ်သည်။သို့​သော် အချိန်ကာလ မည်မျှအထိ​ရောင်းချမည်ကိုမူ မသိရ​သေး​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။သို့သော် စီးပွား​ရေးအရ တွက်​ခြေမကိုက်ခြင်း ၊​ရောင်း​ပေးနိုင်သည့်​နေရာ အနည်းငယ်သာရှိခြင်း​ စသည်တို့​ကြောင့်​ရေရှည်တွင် အလုပ်မဖြစ်နိုင်​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

စစ်​ကောင်စီက ​ဈေးတင်​ရောင်းသည်အ​ကြောင်းပြချက်ဖြင့် ​ရွှေ၊​ဒေါ်လာ ၊ စားအုန်းဆီ ၊ ဆန် ​ရောင်းဝယ်​သောလုပ်ငန်းရှင်၊ ဘဏ် လုပ်ငန်းများကို ဖမ်းဆီးခြင်း ၊ စစ်​ဆေးခြိမ်း​ခြောက် အ​ရေးယူခြင်းစ​သောနည်းလမ်းများဖြင့် ​ဈေးကျ​အောင် ပြုလုပ်​နေရာ ယခုအခါ ​ဆေးဝါးတင်သွင်း​ရောင်းချသူများကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။

​ဆေးဝါးတင်သွင်းမှု နှင့် ​ရောင်းချမှုကို ကန့်သတ်လိုက်သဖြင့် ​လုပ်ငန်းလည်ပတ်ရန်ခက်ခဲလာပြီး ၊ အချိန်မ​ရွေးဖမ်းဆီးတရားစွဲခံရနိုင်သည်ဆို​သောမလုံခြုံမှုတို့​ကြောင့် ဆေးဝါးတင်သွင်း ​ရောင်းချ​သောကုမ္ပဏီနှင့် ကုမ္ပဏီအုပ်စုအချို့မှာ ဝန်ထမ်းများကို နစ်နာ​ကြေး​ပေးပြီးလုပ်ငန်းများရပ်နားမှု ရှိလာ​ကြောင်းလည်း လုပ်ငန်းရှင်အချို့ နှင့် ​ဆေးကုမ္ပဏီဝန်ထမ်းအချို့ က​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားမှ တင်သွင်းသည့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်​နေပြီး လက်ရှိ​ပေါက်​ဈေးနှင့် စစ်တပ်အာဏာမသိမ်းခင်ဈေးနှုန်း နှိုင်းယှဥ်ပါက အနည်း

ဆုံး ၃ ဆမှ ၄ ဆအထိမြင့်တက်နေသည်ဟု ဆေးအရောင်းဝန်ထမ်းများထံမှသိရသည်။ ​​ကျပ်​ငွေတန်ဖိုး​ဖောင်းပွပြီး ​ငွေလဲနှုန်း မငြိမ်သဖြင့် မတက်​ဈေးနှင့် ည​ဈေးပင်မတူ​ကြောင်း​ဈေး သို့​သော် ​ဆေးဝါးများမှာ​ဈေးတက်​သော်လည်း အရည်အ​သွေး​ကောင်းပြီး ဝယ်သူများ​သော ​ဆေးများမှာ ရှားပါးပြတ်လပ်မှုလည်းရှိလာသည်။ ယခင်က တရုတ် နှင့် အိန္ဒိယ​ဆေး အများစုတင်သွင်း​ရောင်းချရာမှ ဘဂ်လား​ဒေရှ် ကဲသို့နိုင်ငံမှ​ဆေးများဝင်​ရောက်လာ​ကြောင်းလည်းသိရသည်။

လတ်တ​လောတွင် အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ဒဏ်ကြေလိမ်းဆေးစသည့် နိုင်ငံခြားမှတင်သွင်းရသည့်ဆေးဝါးများက ဈေးနှုန်းများမြင့်တက်နေသည်ဟု သုံးစွဲသူများထံမှသိရသည်။ နှလုံး၊ ဆီးချို၊ သွေးတိုးနှင့်ကျောက်ကပ်ဆေးများက ဝယ်ယူရန် ခက်ခဲနေသည်ဟုလည်း ​ပုံမှန်​ဆေးဝယ်​နေရသူများထံမှသိရသည်။ ​ဆေး​ဈေးများတက်ပြီး ရှားပါးလာသဖြင့်​ဆေးစွဲ​သောက်ရသူများ ၊ အ​ခြေခံပြည်သူများအတွက် ​ဆေးဝါးဝယ်ယူသုံးစွဲရန် ပိုခက်ခဲလာ​ကြောင်း ပြည်သူများက​ပြောသည်။

စစ်​ကောင်စီသည် ကျပ်​ငွေတန်ဖိုး​ဖောင်းပွမှု​ကြောင့် ကုန်​ဈေးနှုန်းများတက်ခြင်းအ​ပေါ် လုပ်ငန်းရှင်များ​ကြောင့်​ဈေးတက်သည်ဟု လွှဲချကာ အ​ရေးယူ​​သောနည်းဖြင့် ​ရေတို​ဖြေရှင်ရန် ကြိုးစား​နေပြီး ​ကုန်​ဈေးနှုန်းများတက်ခြင်းမှာ ဘက်ဂျက်လို​ငွေအတွက် ​ငွေစက္ကူအများအပြားရိုက်နှက်ခြင်း ၊ နိုင်ငံစီးပွား​ရေးကျဆင်းခြင်းစသည်တို့​ကြောင့်ဖြစ်​ကြောင်း လုပ်ငန်းရှင်များက​ပြောသည်။

စစ်​ကောင်စီသည် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ခုနှစ် ​မေလအထိ သုံးနှစ်​ကျော်အတွင် ကျပ်ဘီလီယံ​ပေါင်း ၃၀၀၀၀ ​ကျော်ရိုက်နှိပ်ခဲ့​ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာ​ရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြီးခဲ့သည့် ဇွန် ၃ ရက်ကပြုလုပ်​သော သတင်းစာရှင်းလင်းပွဲတွင်​ပြောကြားခဲ့သည်။ ​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်

၂၀၁၉ ၊၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်​ရောဂါကိုးဗစ်ဖြင့် ရင်ဆိုင်​နေရပြီး စီးပွား​ရေးလုပ်ငန်းများသို့ ​ချေး​ငွေများစွာထုတ်​ပေး​နေချိန်မှာပင် ၂ နှစ်အတွင်း ကျပ်​ငွေ ၃၆၀၀ ဘီလီယံသာ အသစ်ရိုက်နှိပ်ခဲ့​ကြောင်း ​၎င်းက​ပြောသည်။ ထို​ကြောင့် ၃ နှစ်​ကျော်အတွင်း ကျပ်ဘီလီယံ ၃၀၀၀၀ ​ကျော် ရိုက်နှိပ်ခြင်း နှင့် ၂ နှစ်တွင် ကျပ်ဘီလီယံ ၃၆၀၀ ရိုက်နှိပ်ခြင်းကို နှိုင်းယှဥ်၍ စစ်​ကောင်စီ​ငွေစက္ကူများရိုက်နှိပ်​နေမှု အ​ခြေအ​နေကို သုံးသပ်နိုင်​ကြောင်း၎င်းက​ပြောခဲ့သည်။

ထိုအပြင် ဇွန်လ တွင် ဘဏ် ၇ ဘဏ်ကို စစ်​ကောင်စီက အ​ရေးယူခြင်း ၊ဘဏ်လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်​ဆေးမှု​ကြောင့် ဘဏ်များမှ ​ငွေပြန်ထုတ်သူများလွန်းသဖြင့် ဘဏ်များက အကန့်အသတ်ဖြင့်သာ​ငွေထုတ်​ပေးခဲ့သည်။ထို​နောက် စစ်​ကောင်စီက အသစ်ထပ်မံရိုက်နှိပ်ထား​သော​ငွေစက္ကူများကို ဘဏ်များကို ဘဏ်များမှတဆင့်ထပ်မံဖြန့်ချီလာပြန်​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။