Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ သုံးဘီးယာဉ်မောင်းကိုသတ်ဖြတ်ပြီး ပီနံအိတ်ထဲထည့်ကာ အလောင်းစွန့်ပစ်

အသတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ အသက် ၅၀ အရွယ် ဦးညွန့်ဝင်း ဆိုသူဖြစ်ပြီး မဟာအောင်မြေမြို့ နယ် ၊မာလကာခြံ မှာနေထိုင်သူဖြစ်ပါတယ် ။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သုံးဘီးအငှားယာဉ်မောင်း အမျိုးသား သတ်ဖြတ်ခံရပြီး သုံးဘီးကို လုယက်သွားတဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ကာယကံရှင်မိသားစုနဲ့ နီးစပ်သူထံကသိရပါတယ် ။

အသတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ အသက် ၅၀ အရွယ် ဦးညွန့်ဝင်း ဆိုသူဖြစ်ပြီး မဟာအောင်မြေမြို့ နယ် ၊မာလကာခြံ မှာနေထိုင်သူဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

သူဟာ ဇူလိုင်လ ၂၃ ရက်က ပုသိမ်ကြီးမြို့နယ်ထဲက အသဲစွဲတောင် အပန်းဖြေနေရာဆီ ခရီသည်လိုက်ပို့ ရာက နေ မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်သွားတာလို့ သိရပါတယ်။

ညပိုင်း အိမ်ပြန်မရောက်လာတဲ့အတွက် လူပျောက်ရှာရာ မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ အလောင်းရောက်ရှိနေတာကို နောက်တစ်နေ့ ဇူလိုင်လ ၂၄ ရက် မှာ မိသားစုက သိရတာပါ။

” အလောင်းမှာ ဓားခုတ်ဒဏ်ရာတွေ တော်တော်များတယ်၊ခုတ်ပြီး ပီနံအိတ်ထဲထည့်ပစ်ထားခဲ့တာ”လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လုယက်သွားတဲ့ သုံးဘီးယာဉ်မှာ ခြေရာခံစနစ် GPS တပ်ဆင်ထားတဲ့အတွက် ယာဉ်ကို ကျပ် သိန်း ၂၀ နဲ့ ပေါင်ထားခဲ့တဲ့ နေရာမှာ ပြန်ရှာတွေ့ခဲ့ တယ်လို့သိရပါတယ် ။

နာရေးကိုတော့ဒီနေ့နေ့လယ် ၁၂နာရီကတောင်အင်း၊မြောင်အင်းသုဿာန်မှာသဂြိုဟ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းတုန်းကလည်း အိမ်ရှေ့မင်းထန်းတောဘက် သုံးဘီးအငှားလိုက်သူကို သတ်ပြီး သုံးဘီးလုယူမှုဖြစ်ပွားခဲ့ပါတယ်။

သုံးဘီးယာဥ်တွေ ကျပ်သိန်း၁၀၀ကျော်ထိ ပေါက်စျေးရှိလာပြီးနောက် သုံးဘီးအငှားယာဥ်မောင်းတွေကိုသတ်ပြီး လုယက်မှုတွေ မန္တလေးမြို့မှာ ဖြစ်ပွားလာတာပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook