Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ တပ်သား တစ်ဦးနှင့် ရဲတစ်ဦး CDF ထန်တလန် ထံ လက်နက်နှင့်ပူးပေါင်းလာ

စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ဦးသည် စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အပြင် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်လိုကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

ထားမြတ်/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သား တစ်ဦးနှင့် ရဲတစ်ဦးတို့ ယနေ့ ဇူလိုင် ၂၅ရက်တွင် ချင်းပြည်အစိုးရတပ်ဖွဲ့ထံ ပူးပေါင်းလာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ဦးသည် စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အပြင် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်လိုကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းတပ်သား ၂ ဦးနှင့်အတူ MA 2 တစ်လက်၊ G3 တစ်လက် ကျည်ဘောက်နှင့် ကျည်များ ယူဆောင်လာကြောင်း ဖော်ပြသည်။

လက်နက်၊ ကျည်များ ယူဆောင်ကာ ပူးပေါင်းလာသည့် စစ်ကောင်စီ လက်နက်ကိုင် ၂ဦးကိုတစ်ဦးလျင်ကျပ်သိန်း ၅၀ စီ ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF ထန်တလန်က ထုတ်ပြန်သည်။

CDF ထန်တလန် အပါအဝင် ချင်းပြည်အစိုးရ တပ်ဖွဲ့ဝင် အဖွဲ့များ ပူးပေါင်း၍ ထန်တလန် – ဟားခါးကြားရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေချိန်တွင် ယခုကဲ့သို့ စစ်သားနှင့် ရဲတို့ ပူးပေါင်းလာခြင်းလည်းဖြစ်သည်။

ချင်းပြည်အစိုးရတပ်ဖွဲ့က Tilim Operation ၄ ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိသည့်အတွက် ပြည်သူ့တော်လှန်ရေးအတွင်း ပါဝင်ရန်ဆန္ဒရှိပါက အမြဲတခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း လည်း CDF ထန်တလန်က အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook