Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့နှင့် ကျောက်မဲရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းများကို TNLA ဆက်လက်ထိုးစစ်ဆင်

အဆိုပါ မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်သည့် ဇွန်လ ၂၅ရက်ကစ၍ TNLA မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့် ကျောက်မဲရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က ယနေ့(ဇူလိုင် ၂၆ရက်)တွင် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။

အဆိုပါ မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်သည့် ဇွန်လ ၂၅ရက်ကစ၍ TNLA မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် မိုးမိတ်မြို့ နေရာ နှစ်ခု၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မိုးမိတ်စစ်ကောင်စီ ဗျူဟာနှင့် ဒိုးပင်ရွာအနီး စစ်ကောင်စီတပ်ကို TNLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေ ဖော်ပြမထားပေ။

ကျောက်မဲမြို့နယ်တွင်လည်း ယနေ့မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ ခမရ(၅၀၁)၊ (၅၀၂)တပ်စခန်းများကို TNLAက တိုက်ခိုက်ခဲ့သည့်အပြင် တာဝါတိုင်အနီးတွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ကျေးရွာသို့ ဒရုန်း နှစ်စီးဖြင့် ဗုံး သုံးလုံး လာရောက်ကြဲချခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများ အတွင်း ထိခိုက်ကျဆုံးရှိမရှိ အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

TNLAနှင့် မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တိုက်ပွဲဖော်ဆောင်မှုတွင် တိုက်ပွဲ တစ်လတာအတွင်း နောင်ချိုနှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။