Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေတိုက်ခိုက်ခံရ

မနေ့ညပိုင်းက ခလရ (၄) နဲ့ ခမရ (၁၁၉) တပ်တွေဘက်ကနေ ပစ်ခတ်သံတွေကြားရတာလို့ ဒေသခံအမျိုးသားတစ်ဦီးက ပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ် ၊ နှမ်းကြဲကျေးရွာ အနားက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မနေ့ညပိုင်းက တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံကသိရပါတယ် ။

နှမ်းကြဲကျေးရွာနားမှာ အမှတ် (၄) ခြေလျင်တပ်ရင်း ၊ အမှတ် (၁၁၆) ခြေမြန်တပ်ရင်းနဲ့ အမှတ် (၁၁၉) ခြေမြန်တပ်ရင်းတို့ရှိနေတာပါ။

Public Service Announcement

Public Service Announcement

မနေ့ညပိုင်းက ခလရ (၄) နဲ့ ခမရ (၁၁၉) တပ်တွေဘက်ကနေ ပစ်ခတ်သံတွေကြားရတာလို့ ဒေသခံအမျိုးသားတစ်ဦီးက ပြောပါတယ်။

ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဒေသခံရဲ့ ပြေပြချက်အရ သိရပေမယ့် သီးခြားအတည်မပြု နိုင်ပါဘူး။

တိုက်ခိုက်ခံရတဲ ခလရ (၄) ၊ ခမရ (၁၁၆) နဲ့ ခမရ (၁၁၉) တို့ တည်ရှိရာ နှမ်းကြဲရွာဟာ ပုသိမ်ကြီးမြို့ ရဲ့ မြောက်ဘက် ၂ မိုင်ကျော်ခန့်အကွာမှာ ရှိတာပါ။

အဲဒီတပ်တွေဟာ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းတွေ လည်းဖြစ်ပါတယ် ။

ပုသိမ်ကြီးမြို့နယ်ထဲထိ တိုက်ပွဲတွေရောက်လာပြီဖြစ်တဲ့အတွက် နှမ်းကြဲကျေးရွာအနီးရှိ မှန်ပင်၊ရုံးသာ၊မင်းကန်၊ ဘုတ်၊ဆင်ပွတ်ကြီးစတဲ့ ကျေးရွာတွေက ဒေသခံတွေ စတင် တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်ရင်းတွေ တိုက်ခိုက်ခံရတဲ့ ပုသိမ်ကြီးမြို့နယ် ၊နှမ်းကြဲကျေးရွာဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းနဲ့တော့ Google Map ရဲ့ တွက်ချက်မှုအရ ၇ မိုင် ခန့်ဝေးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစတင်ပြီး မန္တလေးတိုင်းထဲက မိုးကုတ် ၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေကို တပ်စခန်းတွေကို မန္တလေးPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီမြို့တွေထဲက မိုးကုတ်ကိုတအာင်းတပ် (TNLA) ဦီးဆောင်မှုနဲ့ သိမ်းယူထားနိိုင်ခဲ့သလို စဉ့်ကူးမြို့ကိုလည်း မန္တလေး PDF က သိမ်းယူထားပြီးပါပြီ။

မတ္တရာနယ်မြို့က တပ်စခန်း ၂၈ ခုထိ မန္တလေး PDF က သိမ်းယူရာမှာ စစ်ကောင်စီတပ်စွဲထားတဲ့ မတ္တရာနဲ့ ပုသိမ်ကြီးအစပ်က အယ်လ်ဖာဘိလပ်မြေ စက်ရုံ ပါဝင်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ အစာအဆိပ်သင့် မှုဖြစ်လို့ ကိုရင်တွေနဲ့သံဃာအပါး ၇၀ ကျော် ဆေးရုံပို့ထားရ​ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။