Connect with us

Hi, what are you looking for?

သတင်း

လားရှိုးအကျဥ်းထောင်အနီး တိုက်ပွဲပြင်းထန်

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက်(၁၂)၌ရှိပြီး စစ်ကောင်စီက တပ်စွဲထားသည့် ယင်းနေရာအနီး၌ ယမန်နေ့ ညနှင့် ယနေ့(ဇူလိုင်၂၈ရက်)နံနက်အထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

လားရှိုးမြို့မစျေးအနီး တနေရာအား ယနေ့နံနက်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Nay Myo/FB

မိထက်/People’s Spring

လားရှိုးမြို့အကျဉ်းထောင်အနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့်နီးစပ်သူများက ပြောသည်။

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက်(၁၂)၌ရှိပြီး စစ်ကောင်စီက တပ်စွဲထားသည့် ယင်းနေရာအနီး၌ ယမန်နေ့ ညနှင့် ယနေ့(ဇူလိုင်၂၈ရက်)နံနက်အထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကျဥ်းထောင်အနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အကျဥ်းထောင်သားများ လွတ်မြောက်လာသည်ဟု သတင်းများထွက်ပေါ်နေသည်။ အကျဉ်းထောင်ပေါက်ပြီး အကျဉ်းသားများလွတ်မြောက်သွားသည့်သတင်းကို စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ရေးသားထားသည်။

“လားရှိုးထောင် ပွင့်တာအမှန်ပါ။ မနက် ၁၁နာရီလောက်က ပွင့်တာပါ။ အကျဉ်းသားတွေ လွတ်သွားပါတယ်”ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့်နီးစပ်သည့် လားရှိုးမြို့ခံ အချို့ကလည်း လူမှုကွန်ရက်၌ ရေးသားထားသည်။သို့သော် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်သိမ်းပိုက်နေသည့် MNDAAကမူ တရားဝင်သတင်း မထုတ်ပြန်သေးပေ။

ထို့အပြင် ဇူလိုင် ၂၇ရက် ညနေ ၅နာရီတွင် MNDAA၏ ၆၁၁ တိုင်းရင်းသားတပ်မဟာက မင်းအောင်လှိုင် အာဏာသိမ်း စစ်တပ်၏ ခလရ(၆၈)အတွင်းရှိ စခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀စီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိနိုင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ကိုးကန့်တပ်ဖွဲ့က ခလရ(၆၈)အလံတိုင်တွင် ကိုးကန့်တပ်ဖွဲ့အလံ လွှင့်ထူခဲ့ပြီး သိမ်းဆည်းလက်နက်ခဲယမ်း အချို့နှင့် စစ်ကားများကို ဖော်ပြခဲ့သည်။ ခလရ (၆၈)နှင့် ခလရ(၄၁)တို့ကို MNDAAက ယခင်ရသတ္တပတ်အတွင်းကတည်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံကအချို့က ပြောသော်လည်း MNDAA ယခု ရက်ပိုင်းအတွင်း သိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MNDAAသည် ဇူလိုင် ၂၇ရက် နံနက်တွင်လည်း လားရှိုးမြို့ ဆင်တောင်ထိပ်ရှိ စစ်ကောင်စီ အသံလွှင့် ကုန်းမြင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ

“၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တပ်ဖွဲ့ဝင် ၅၀၀ခန့်က ဝင်ရောက်နေရာယူထားသည်။

မြို့သို့မဝင်မီတွင် MNDAA မဟာမိတ်များနှင့်စစ်ကောင်စီတို့ကို အကြောင်းကြားခဲ့ပြီး နှစ်ဖက်စလုံး၏ သဘောတူညီချက်ဖြင့် အဆင်ပြေစွာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေး၌ဝင်ရောက်မစွက်ဖက်ဟု “ဝ”ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်။

ထို့အပြင် လားရှိုးမြို့နယ်အုပ်ချုပ်ရေးအတွက် အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။