Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတ အနိုင်ရကြောင်း ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဗင်နီဇွဲလား ပြည်သူတွေ ဆန္ဒပြ၊ ရဲတွေနဲ့ ပဋိပက္ခဖြစ်

ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းကစလို့ ကရာဆက်စ်မြို့လယ်ခေါင်မှာ ထောင်နဲ့ချီတဲ့ အတိုက်အခံ ဆန္ဒပြသူတွေ စုဝေးပြီး သမ္မတ နန်းတော်ဆီ ချီတက်ဖို့ ကြိုးစားခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ရပါတယ်။

လက်ရှိ သမ္မတ နစ်ကိုလက်စ် မာဒူရိုပဲ ပြန်လည် အနိုင်ရသွားခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်ကို ကြေညာခဲ့တဲ့နောက် ဗင်နီဇွဲလားမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာသလို ရဲတွေနဲ့လည်း ထိပ်တိုက် တွေ့ဆုံမှု ပဋိပက္ခတွေ ပေါ်ပေါက်လာပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းကစလို့ ကရာဆက်စ်မြို့လယ်ခေါင်မှာ ထောင်နဲ့ချီတဲ့ အတိုက်အခံ ဆန္ဒပြသူတွေ စုဝေးပြီး သမ္မတ နန်းတော်ဆီ ချီတက်ဖို့ ကြိုးစားခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ရပါတယ်။ တချို့တွေဟာ မြို့အပြင် ဆင်ခြေဖုံး ကျူးကျော်ရပ်ကွက်တွေကနေ မိုင်အတော်များများ လမ်းလျှောက်လာခဲ့သူတွေ ဖြစ်ပါတယ်။

အတိုက်အခံ အင်အားစုတွေက ရွေးကောက်ပွဲမှာ မာဒူရို အနိုင်ရခဲ့ကြောင်း ကြေညာချက်ကို ငြင်းပယ်ပြီး အတိုက်အခံ ခေါင်းဆောင် အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ်ဟာ လူထုထောက်ခံမဲ ၇၃.၂ ရာခိုင်နှုန်းထိ ရရှိခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ အခုနှစ် ရွေးကောက်ပွဲမှာတော့ အတိုက်အခံ ပါတီအသီးသီးဟာ မာဒူရိုရဲ့ ၁၁ နှစ်ကြာ ကြီးစိုးမှုကို အဆုံးသတ်စေဖို့ ရည်ရွယ်ပြီး ဂွန်ဇာလက်ဇ်ကို စုပေါင်း ထောက်ခံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲအကြို လွတ်လပ်တဲ့ လူထုအမြင် စစ်တမ်းတွေမှာလည်း ဂွန်ဇာလက်ဇ်ဟာ မာဒူရိုအပေါ် ပြတ်ပြတ်သားသား အသာစီး ရထားခဲ့တာကို တွေ့ရပါတယ်။ အခုအခါမှာတော့ အနောက်မဟာမိတ် နိုင်ငံတချို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ အိမ်နီးချင်း လက်တင်အမေရိက နိုင်ငံတွေက ရွေးကောက်ပွဲမှာ မဲရုံ တစ်ခုချင်းစီအလိုက် မဲရလဒ် မှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ ဗင်နီဇွဲလား အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။

အတိုက်အခံတွေကတော့ မာဒူရိုဟာ ပြည်သူ့ဆန္ဒနဲ့အညီ မဖြစ်မနေ သမ္မတရာထူးကနေ စွန့်ခွာရမယ်လို့ တင်းတင်းမာမာ သတိပေး ပြောကြားထားပါတယ်။

အာဂျင်တီးနားဟာ ရွေးကောက်ပွဲမှာ မာဒူရို အနိုင်ရခဲ့တယ် ဆိုတာကို အသိအမှတ် မပြုခဲ့တဲ့အတွက် ဗင်နီဇွဲလားက ဗျူနိုအေးရိစ်မြို့ဆီ စေလွှတ်ထားခဲ့တဲ့ သံအမတ်ကို ချက်ချင်း ပြန်လည် ဆင့်ခေါ်ခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် ညပိုင်းကစလို့ ကရာဆက်စ်နဲ့ တချို့သော မြို့ကြီးတွေမှာ ရဲနဲ့ စစ်တပ်တွေ လုံခြုံရေး ထူထူထပ်ထပ် ယူထားတာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲတွေမှာတော့ လူထုက ‘လွတ်လပ်ရေး၊ လွတ်လပ်ရေး’လို့ ကြွေးကြော်နေခဲ့သလို မာဒူရိုရဲ့ အစိုးရ ပြိုလဲဖို့ တောင်းဆိုအော်ဟစ်နေခဲ့ကြပါတယ်။ တချို့ ဆန္ဒပြသူတွေကတော့ သံပုံးတွေ ယူဆောင်လာပြီး မကောင်းဆိုးရွားတွေကို တောခြောက် မောင်းထုတ်သလို ဆူဆူညံညံ ရိုက်နှက် တီးခတ်နေခဲ့ကြပါတယ်။

လက်နက်ကိုင် ရဲတွေ၊ ပြည်သူ့စစ်တွေ၊ အစိုးရကို ထောက်ခံတဲ့ လက်ဝဲယိမ်း လူထု အခြေပြု အဖွဲ့အစည်း (စွမ်းအားရှင်)တွေဟာ ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် ရန်လို တိုက်ခိုက်ခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

ရွေးကောက်ပွဲအပြီး ဗင်နီဇွဲလားမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ ပြည်တွင်းရေး ပြဿနာတွေဟာ လာမယ့် ရက်ပိုင်းတွေအတွင်း ပိုမိုကျယ်ပြန့်လာဖွယ် ရှိနေပါတယ်။

အမေရိက ဒေသတွင်း နိုင်ငံများ အစည်းအဗရုံး (OAS)ဟာ အခုကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။