Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံလိုသူအားလုံးနဲ့လွတ်လပ်စွာတွေ့ဆုံခွင့်ပေးဖို့ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံတကာမိတ်ဖက်တွေ တိုက်တွန်း

ပူးတွဲကြေညာချက်မှာ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်နဲ့အညီ အထူးသံတမန်က မြန်မာနိုင်ငံကို ပုံမှန်လာရောက်ကြည့်ရှုရာမှာ အဆင်ပြေစေရေး စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံလိုသူအားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်ပေးဖို့ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံတကာမိတ်ဖက်တွေက ပူးတွဲကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့ ပတ်သက်လို့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ တီမောလက်စတီ၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂကိုယ်စား နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ် စားလှယ်တို့ကပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပူးတွဲကြေညာချက်မှာ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်နဲ့အညီ အထူးသံတမန်က မြန်မာနိုင်ငံကို ပုံမှန်လာရောက်ကြည့်ရှုရာမှာ အဆင်ပြေစေရေး စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးအပါအ၀င် လူ့အခွင့်အရေးကို အပြည့်အ၀လေးစားရမယ်လို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဘေးကင်းလုံခြုံပြီး အဆီးအတားမရှိ လက်လှမ်းမီရောက်ရှိစေဖို့ ခွင့်ပြုပေးရမယ်လို့လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ အထူးကိုယ်စားလှယ်တောင်းဆိုချက် အားလုံးကို လိုက်လျောဖို့ ငြင်းဆိုထားပြီး တတ်နိုင်သလောက် လိုက်လျောထားကြောင်းနဲ့ မကြာခင်မှာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြပါတယ်။

ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီက အာဆီယံအထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်က အောက်တိုဘာ ၁၁ ကနေ ၁၄ အထိ မြန်မာနိုင်ငံကို လာရောက်ဖို့နဲ့သူတွေ့ဆုံလိုသူအားလုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပေမယ့် စစ် ကောင်စီက ခွင့်မပြုတာကြောင့် ခရီးစဉ်ပျက်ပြယ်ခဲ့ရပါတယ်။

ခရီးစဉ်ပျက်ပြယ်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုပြီး လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်ကို ချန်လှပ်ဖို့ အဖွဲ့ဝင်နိုင်ငံများအကြား ဒီနေ့ အရေးပေါ်ဆွေးနွေး နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။