Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဦး​ဆောင်ကျင်းပသည့် ကာလုံအစည်းအဝေး အ​ရေး​ပေါ်ကာလ ၆ လ ထပ်တိုးပြန်

အာဏာသိမ်းပြီး သုံးနှစ်ခွဲကြာသည်အထိ မကျင်းပနိုင်သေးသည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ဟု စစ်ကောင်စီဆို

ဓာတ်ပုံ - စကစ

ထားမြတ်/People’s Spring

စစ်ခေါင်းဆောင် ယာယီသမ္မတ တာဝန်ယူပြီးကျင်းပသည့် ကာလုံအစည်းအဝေးက နိုင်ငံတဝန်း အရေးပေါ် အခြေအနေ ကြေညာမှုကို နောက်ထပ်၆လ တိုးမြှင့်သတ်မှတ်လိုက်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလ ၆လ သက်တမ်း ၇ကြိမ်မြောက် သတ်မှတ်ခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့အစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး တင်အောင်စန်း၊ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီး ထွန်းထွန်းနောင် နှင့် ဖိတ်ကြားထားသူများဖြစ်သည့် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ဟု စစ်ကောင်စီကထုတ်ပြန်သည်။

စစ်တပ်ခန့် ဒုသမ္မ ဦးမြင့်ဆွေသည် လက်ရှိ ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူကာ ဆေးကုသမှု ခံယူနေရ၍ မင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်ယူခဲ့ခြင်းကိုလည်း အစည်းအဝေး၌ ရှင်းပြခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ကျန်းမာရေးအရ ဟုဆိုကာ ယခုနှစ် ဧပြီလတွင် အနားပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဒုသမ္မတနှစ်ဦးလုံးကိုကျန်းမာရေးအကြောင်းပြချက်ပေးပြီး မင်းအောင်လှိုင်က ယာယီသမ္မတာဝန် ရယူခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – စကစ

အာဏာသိမ်းပြီး သုံးနှစ်ခွဲကြာသည်အထိ ကျင်းပနိုင်ခြင်းမရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နောက်ထပ် ၆လတာဝန်ထမ်းဆောင်ခွင့် သက်တမ်းတိုးမြှင့်ပေးရန် မင်းအောင်လှိုင်၏ တင်ပြချက်အပေါ် အစည်းအဝေး တက်ရောက်သူများက သုံးသပ်ဆွေးနွေးပြီး သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရက္ခိုင်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေးအပါအဝင် နိုင်ငံတဝန်း၌ တော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးစစ်ရေးအရ ရှုံးနိမ့်ကာ တပ်စခန်းများစွာ၊ မြို့များ၊ နယ်မြေဒေသများကို စွန့်လွှတ်ထားရသည့် အခြေအနေဖြစ်သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကောင်စီအနေဖြင့် ၂၀၂၅အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းနေသော်လည်း လက်ရှိစစ်ရေးအခြေအနေများအရ ၂၀၂၅တွင် စစ်ကောင်စီ ရှိရန်ပင် မသေချာတော့ကြောင်း မှတ်ချက်ပြုပြောကြားထားသည်။

ဓာတ်ပုံ – စကစ

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။