Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ အလုံးစုံသိမ်းပိုက်ပြီး နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA အသိပေး

လားရှိုးတွင် အရပ်သား ငါးဦး ထပ်မံသေဆုံးပြီး တိုက်ပွဲကာလ ၃၆ရက်အတွင်း အရပ်သား ၁၃၀ ကျော်သေဆုံး

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း တိုက်ခိုက်နေသော TNLAရဲဘော်များ။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းအားလုံးကို ယနေ့ သိမ်းပိုက်နိုင်ပြီး နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဆက်ဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၃၇ရက်မြောက် ဇူလိုင် ၃၁ရက် စစ်ရေးအခြေအနေကို အသိပေးရာ မိုးမိတ် တပ်စခန်းများ သိမ်းပိုက်နိုင်ပြီး နောင်ချိုမြို့တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁) ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက် ၁၁နာရီတွင် TNLAက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ဗျူဟာကုန်းနှင့် မိုးမိတ်မြို့နယ် ဒိုပင်ကျေးရွာကို Y12 ဖြင့် ဗုံး ၅၉လုံး လာရောက်ကြဲချခဲ့သည်ဟု ထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် နောင်ချိုမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာသို့ ယနေ့ နေ့လယ်တွင် စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို TNLAက တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပြီး တိုက်ပွဲ၌ ထိခိုက်ကျဆုံးရှိ၊မရှိ ဖော်ပြထားခြင်းမရှိပေ။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင် ၁၀ရက်ကတည်းက TNLAက သိမ်းပိုက်ထားခြင်းဖြစ်ပြီး တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ငါးဉီးသေဆုံးပြီး နေအိမ် ၁၅လုံး ထိခိုက်ပျက်စီးသည့် အခြေအနေကိုလည်း TNLAက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၉ ရက်တွင် လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့တွင်းရှိ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး ထိမှန်သေဆုံးသွားခဲ့ကာ မြို့တွင်းရှိ ဆိုင်ခန်းနှင့် နေအိမ် ၁၅လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြသည်။

ယနေ့ (ဇူလိုင် ၃၁ရက်)တွင်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်(၉)တွင် ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်ပြာကျသွားခဲ့ဟု အသိပေးသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ယမန်နေ့အထိ တိုက်ပွဲ ၃၆ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများတည်ရှိရာနေရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား စုစုပေါင်း (၁၃၃) သေဆုံးပြီး ၁၇၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်သည်။

TNLA ယခင်ထုတ်ပြန်ချက်များအရ အရပ်သား ၁၃၀ကျော်အနက် လားရှိုးနှင့် ကျောက်မဲမြို့နယ်များ၌ အရပ်သားသေဆုံးမှုများခဲ့သည်။လားရှိုးတွင် ခန့်မှန်းခြေ အရပ်သား သေဆုံးသူ ၅၀ဦး ပတ်ဝန်းကျင် ရှိခဲ့သည်။

တိုက်ပွဲကာလအတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် (၁၀၅)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်းလည်း ရှမ်းမြောက် တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူလူထု နေအိမ်ထိခိုက်မှုကို အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။