Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းတွင် စစ်ဘေးများအတွက် ရိက္ခာနှင့်ဆေးဝါး လိုအပ်နေ

မန္တလေးတိုင်း၊ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ဘေးရှောင်ထောင်ချီရှိနေပြီး ရိက္ခါနှင့်ဆေးဝါးများ လိုအပ်နေကြောင်း သတင်းရရှိသည်။

မတ္တရာနယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအား ထမင်းကျွေးနေစဥ်။ ဓာတ်ပုံ - ရောင်နီနွေဦး

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ဘေးရှောင်ထောင်ချီရှိနေပြီး ရိက္ခါနှင့်ဆေးဝါးများ လိုအပ်နေကြောင်း သတင်းရရှိသည်။

ဇွန်လကုန်ပိုင်းက စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ စစ်ဘေးရှောင်ထောင်ချီရှိနေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်အရေအတွက်က ငါးထောင် အထက်မှာပဲရှိမှာဗျ။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း တကြောမှာပေါ့။ အခုက လမ်းကြောတွေ ပိတ်နေတဲ့အနေအထားမို့ ဆေးဝါး၊ ရိက္ခာပိုင်းတွေတော့ အဓိက လိုအပ်နေပါတယ်”ဟု ပြင်ဦးလွင်ခရိုင်ပကဖ၏ တာဝန်ရှိသူက ပြောသည်။

မတ္တရာမြို့နယ်တွင်လည်း မြို့အနီးကျေးရွာများအပါအဝင် ကျေးရွာ ၁၀ရွာထက်မနည်းမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မတ္တရာအခြေစိုက် စစ်ရှောင်ကူညီနေသူ ရောင်နီနွေဦးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့အထွက် မန္တ​လေး – မိုးကုတ်လမ်းပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး လမ်းပိုင်းပိတ်ဆို့မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်အတွင်း စဥ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးနှင့် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၃၅ခုအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များကလည်းကောင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုအား အခြားတော်လှန်ရေးတပ်များကလည်းကောင်း သိမ်းပိုက်ရရှိထားသည်။

စစ်ကောင်စီဘက်ကလည်း အဆိုပါမြို့နယ်များအား လေကြောင်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂၀ကျော် သေဆုံးကာ ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅၀ကျော်၊ စာသင်ကျောင်းနှင့်ပုဂ္ဂလိက ဆေးရုံပါ ထိခိုက်ပျက်စီးခဲ့သည်။

တိုက်ပွဲများမှာ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အထိပါ ရောက်ရှိလာပြီး ဩဂုတ် ၆ရက် ညပိုင်းက ယင်းမြို့နယ်ရှိ ဖယောင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းထိုးတိုက်ခိုက်ခဲ့ရာ ပြည်သူ ခုနစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မန္တလေး PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။