Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ဆိပ်ကမ်းတစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပြီး ကုန်တင်သင်္ဘောတချို့ မီးလောင်

တရုတ်နိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ ကုန်တင်သင်္ဘောတွေ မီးလောင်ရာက ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှီကျန်းမှာရှိတဲ့ နင်ဘို-ဇူရှန် ဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ ကုန်တင်သင်္ဘောတွေ အဝင်အထွက် အများဆုံး ဆိပ်ကမ်း ဖြစ်ပါတယ်။ ဩဂုတ် ၉ ရက်နေ့ မနက်ပိုင်းက အဲဒီဆိပ်ကမ်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ ပေါက်ကွဲမှုရဲ့ အရှိန်ကို တစ်မိုင်နီးပါးလောက် အကွာထိ သက်ရောက် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ် ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Yang Wingက ကုမ္ပဏီ ငှားရမ်းထားရာ ကုန်တင်ကုန်ချ ဆိပ်ခံတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သင်္ဘောတချို့ကို မီးစွဲလောင်ခဲ့ကြောင်း နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ကွန်တိန်နာတွေ တော်တော်များများလည်း မီးလောင်ခဲ့ပြီး အခင်းဖြစ်ရာ နေရာတဝိုက်မှာ မီးမကူးစက်အောင် အလေးအနက် အားထုတ်ခဲ့ပြီး နောက်ဆက်တွဲ လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ခဲ့ရတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေက ပြင်းထန်ခဲ့ပေမယ့်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သလို ဆိပ်ခံက ဝန်ထမ်းတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မီးလောင်တဲ့ ကုန်တင်သင်္ဘောတွေထဲမှာ လိုက်ဘေးရီးယားအလံ လွှင့်ထူထားပြီး မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေ တင်ဆောင်ထားတဲ့ တစ်စီးလည်း ပါဝင်ခဲ့တယ်လို့ တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Yang Ming ကုမ္ပဏီဟာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဆိပ်ကမ်းနား တဝိုက်မှာ နေထိုင်သူတွေရဲ့ နေအိမ်တွေက ပေါက်ကွဲမှု အရှိန်ကြောင့် မှန်ပြတင်းတွေ ကွဲကြေတာ၊ အစိတအပိုင်းတချို့ ပြိုကျတာတွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။