Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် တိုက်ပွဲပြင်းထန်​နေ

မန္တလေးတိုင်း ၊ နွားထိုးကြီး ၊မြင်းခြံ နှင့် တောင်သာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကပါပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း ၊ နွားထိုးကြီး ၊မြင်းခြံ နှင့် တောင်သာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကပါပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ်၁၀ရက်)နံနက် ၅ နာရီဝန်းကျင်မှစတင်ကာ နွားထိုးကြီးမြို့မရဲစခန်းနှင့် မြို့အရှေ့ဘက်ရှိ ဓာတ်ငွေ့ပိုက်လိုင်းစောင့်သည့် စစ်ကောင်စီတပ်အား ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မနက်အစောကတည်းက အဲဒီနှစ်နေရာမှာတိုက်နေတာ။လေယာဥ်နဲ့ဗုံးကြဲတာလည်း ၅ လုံးလားမသိဘူး။ စခန်းကိုသိမ်းပြီး မီးရှို့လိုက်ပြီပြောတယ်။”ဟု ​နွားထိုးကြီးမြို့အနီး နေထိုင်သူတစ်ဦးက ပြောသည်။

နွားထိုးကြီးမြို့ပေါ်မှ ပြည်သူများလည်း ပိတ်မိနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးဟု ဒေသခံအချို့က ပြောသည်။

“မြို့ပေါ်ကလည်း ဘယ်မှထွက်မရဘူး။ လေယာဥ်သံနဲ့ ဗုံးကြဲသံတွေ ကြားနေရတယ်။”ဟု နွားကြီးမြို့၏မြောက်ဘက်မှ ဒေသခံတစ်ဦးက ပြောသည်။

နွားထိုးကြီး-မြင်းခြံလမ်းကိုလည်း ဖြတ်သန်းသွားလာခြင်းမပြုရန် PDF များကပိတ်ထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်လည်း နွားထိုးကြီးမြို့ရှိ မြင်းခြံဘက်ထွက်သည့်ဂိတ်လည်း ကျသွားပြီဖြစ်ကြောင်း စစ်ကောင်စီ​၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များက ရေးသားနေသည်။

ထို့အပြင် တချိန်တည်းမှာပင် တောင်သာမြို့နယ်၊ ဝဲလောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်းPDFများက ဝင်ရောက်တိုက်ခိုက်ရာ တပ်ကြပ်ကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရကြောင်း စစ်ကောင်စီတယ်လီဂရန်ချန်နယ်များက ရေးသားသည်။

အလားတူ မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းချရာနေရာများအား ယနေ့နံနက်၄နာရီခန့်မှစတင်၍ ရှော့တိုက်ဒုံး ၁၅လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ​ တယ်လီဂရန်ချန်နယ်များက ရေးသားသည်။

​တိုက်ပွဲများနှင့်ပတ်သက်၍ ဒေသတွင်း PDFများထံ ဆက်သွယ်မေးမြန်းနေပြီး ဖုန်းကိုင်နိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။