Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်များက သီပေါမြို့ရှိ စစ်တပ်စခန်းများကိုတိုက်ခိုက်

သီပေါထောင်ပွင့်သွားပြီဟု ​ဒေသခံအချို့​ပြော

ရှေ့တန်းတစ်​နေရာမှ ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းထိုးစစ်ဆင်နွှဲ​နေ​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- TNLA

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သီပေါထောင်လည်း ပွင့်သွားပြီဟု ကနဦးသတင်းရရှိသည်။

သီပေါမြို့တွင် ယနေ့ နံနက်အစောပိုင်းမှာစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မဟာမိတ်တပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်ခြင်းဟု မြို့ခံအချို့ကပြောသည်။

ရှမ်း​​မြောက်နှင့်မန္တ​လေးတိုင်းစစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

“သီပေါထောင်ပါ ပွင့်သွားပြီဗျ။ အကျဉ်းသားတွေကို မဟာမိတ်က လွှတ်ပေးနေတယ်။ ရဲစခန်း၊ထွေအုပ်ရုံးတွေရပြီလို့လည်းကြားတယ်။ လေကြောင်းကြောက်လို့ အပြင်မထွက်ရဲလို့ တိတိကျကျမသိရသေးပါဘူး” ဟု ဒေသခံတဦးကပြောသည်။ သီ​ပေါ​ထောင်ပွင့် သည်ဆို​သောသတင်းကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေး​ပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေပြီး မဟာမိတ်တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီကလည်း သီပေါမြို့နယ်ပတ်ဝန်းကျင်ကျေးရွာအချို့ကို လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

တော်လှန်​ရေးတပ်ဖွဲ့များသည်သီပေါမြို့ရှိ တောင်ခမ်းအမြောက်တပ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းမှ TNLA တပ်ဖွဲ့ဝင်များကို ​​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA)

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ အရပ်သားတစ်ဦးသေဆုံးကြောင်း သတင်းရရှိထားသည်။ ဒေသခံအများအပြားသည် နေအိမ်များနှင့် ဘုန်းကြီးကျောင်းအချို့၌ခိုလှုံနေကြကြောင်းသိရသည်။

သီပေါမြို့ရှိ နောင်တော်၊ယာပြင်၊မဲပုတ်ကျေးရွာတို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

သီပေါမြို့သည် ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့ နှင့် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကြား၌တည်ရှိသည်။

ယနေ့ (သြဂုတ် ၁၀ ရက်) နေ့လယ်ပိုင်းတွင် သီပေါမြို့ပေါ်၌ တိုက်ပွဲပြန်လည်ငြိမ်သက်နေပြီး ရွာအချို့၌ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။