Connect with us

Hi, what are you looking for?

သတင်း

ဝဲလောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၆ ဦးသေ၊ သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းရဟု တောင်သာပကဖ ပြော

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဝဲလောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆ဦးသေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာပကဖ

ဇေအောင်/People’s Spring

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဝဲလောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆ဦးသေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၀ရက်) နံနက် ၅ နာရီခွဲခန့်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် တောင်သာမြို့နယ် ဝဲလောင်ရွာ လျှပ်စစ်ဓာတ်အားခွဲရုံရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ကျန်စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား၍ ဘန်ကာများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာပကဖ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“စကစ၁၂ယောက်ခန့် တပ်စွဲထားတာ၂နှစ်ခန့်ရှိပါပြီ။ ၅ယောက်ကမနေ့ထဲက သေတာ။ တစ်ယောက်ကမနေ့ကပစ်ခက်တာထိတော့ဒီနေ့ကမှသေနေတာ။ လမ်းပေါ်မှာ။ ၅ယောက်ကတော့ခုထိပျောက်နေတုန်း။ ထွက်ပြေးရင်း။ စစ်ကောင်စီဘက်ကတော့ PDFအရှင်ဖမ်းသွားတယ်လို့ ပြောနေတယ်။ သေချာတာက ပြန်မရောက်သေးဘူးခုထိ။”ဟု တောင်သာပကဖ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အဆိုပါ စခန်းမှ G2 တစ်လက်၊ M1ကာဘိုင် တစ်လက်၊ ပွိုင့်၂၂ တစ်လက်အပါအဝင် ခဲယမ်းများသိမ်းဆည်းရမိကြောင်း တောင်သာကပဖက အသိပေးသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေချိန် ထွက်ပြေးသည့် ဝဲလောင်ကျေးရွာ စစ်ကောင်စီခန့်အုပ်ကြီး တင် ထွန်းနိုင်ဆိုသူလည်း ကိုယ့်ဗုံးဖြင့်ကို ပေါက်ကွဲပြီး သေဆုံးခဲ့သေးသည်။

စစ်ကောင်စီတပ်သည် တောင်သာ – ကျောက်ပန်းတောင်းလမ်းပိုင်း စိုးမိုးရေးအတွက် အထိုင်ချတပ်စွဲထားခြင်းဖြစ်သည်။

အထူးစစ်ဆင်ရေးတွင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.ကဖ)၊ မြင်းခြံခရိုင်တပ်ရင်း၉၊ နေပြည်တပ်ရင်း၈၀၁၊ တောင်သာမြို့နယ်ပြည်သူ့လုံခြုံ‌ရေးအဖွဲ့(ပလဖ)ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယမန်နေ့က အထူးစစ်ဆင်ရေးအတွင်း နွားထိုးကြီးမြို့ပေါ်၌ တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက်မှုများပြီး မြို့ပေါ်မှပင်ဆုတ်ခွာသွားကာ လက်နက်ခဲယမ်းများ၊ သုံ့ပန်းများလည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။