Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ရဲဘော်များအား ချင်းပြည်ကောင်စီ​၏ ပြည်နယ်ဝန်ကြီးချုပ် သွားတွေ့

ချင်းပြည်နယ် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တပ်မှူးများကို ချင်းပြည်ကောင်စီ​၏ ပြည်နယ်ဝန်ကြီးချုပ် ပူးပါထန်းနှင့် အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တပ်မှူးများကို ချင်းပြည်ကောင်စီ​၏ ပြည်နယ်ဝန်ကြီးချုပ် ပူးပါထန်းနှင့် အဖွဲ့ သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - GOC

ထားမြတ်/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တပ်မှူးများကို ချင်းပြည်ကောင်စီ​၏ ပြည်နယ်ဝန်ကြီးချုပ် ပူးပါထန်းနှင့် အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

တွေ့ဆုံသည့် နေ့ရက်အချိန်ကို ဖော်ပြထားခြင်းမရှိသော်လည်း တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့ပြီး တိုက်ပွဲဝင်ရဲဘော်များ လိုအပ်ချက် များကို ပံ့ပိုးပေးခဲ့သည်ဟု အသိပေးသည်။

အဆိုပါခရီးစဉ်တွင် ချင်းပြည်ကောင်စီ​၏ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့လည်း လိုက်ပါခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့များသည် ထန်တလန် မြို့ သိမ်းပိုက်နိုင်ရေးအတွက် ဇူလိုင် ၂၂ရက်မှစတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်-ဟားခါးအကြားရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဩဂုတ်ပထမပတ်တွင်ထန်တလန် စစ်ကောင်စီတပ် ခလရ(၂၆၉)တပ်စခန်းကို သိမ်းပိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ကောင်စီတပ်သားများ မြို့တွင်းမှ ထွက်ပြေးသွားသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ရှင်းလင်းပြီးပါက ထန်တလန်မြို့နယ်တစ်ခုလုံးကို အပြီးသတ်ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟုလည်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ဇူလိုင် ၂၂ရက်မှစတင်သည့် ထန်တလန်နှင့် ဟားခါးအကြား တိုက်ပွဲများ၊ ထန်တလန်မြို့ပေါ် တိုက်ပွဲများနှင့် ဟားခါးမြို့အနီး စခန်းသိမ်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်းသိမ်းရခဲ့ဟု ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။