Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

ပျူနှင့် စစ်တပ်မိသားစုဝင်များစတင်လက်နက်ချအလင်းဝင်

ဒီပဲယင်းမြို့နယ်ရှိ PDF များ

မိထက်/People’s Spring

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များ တိုက်ခိုက်နေသည့်ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန် ပစ်ကူ​ပေးတိုက်ခိုက်နေပြီး မြေပြင်စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများနှင့် စစ်တပ်မိသားစုဝင်များ လက်နက်ချအလင်းဝင်လာသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ယမန်နေ့(ဩဂုတ်လ ၁၆ရက်)က စတင်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ယနေ့ (သြဂုတ် ၁၇) နံနက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော Y12 လေယာဉ်ဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

” Y12နဲ့ဆို ဗုံးအလုံး ၆၀ လောက်အထိကြဲတာ။ ပေါင် ၅၀၀ လည်း ကြဲတယ်။တိုက်ပွဲက မနေ့ကစတိုက်တာမှာ ရဲစခန်း၊ ထွေအုပ်ရုံးကကောင်တွေအကုန်လုံး ရဲစခန်းရှေ့က သုံးထပ်တိုက်မှာ ပြောင်းတပ်စွဲတယ်။ အဲ့နေရာက မြေအောက်ခန်းလည်း ရှ်ိတယ်။ မ‌နေ့ကတည်းက လက်နက်ချဖို့ညှိတာ။ ဒီနေ့တော့ ပျူတွေနဲ့ တပ်မိသားစုဝင်တွေ ထွက်လာပြီး လက်နက်ချတယ်။ စစ်တပ်ကတော့ လက်နက်မချသေးဘူး”ဟု အဆိုပါ ရဲဘော်ကပြောသည်။

တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒီပဲယင်းမြို့သို့ ရေဦးမြို့ဘက်မှ စစ်ကူလာနေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ရေဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

” ဒီပဲယင်းနဲ့ ငါးမိုင်လောက်အကွာကနေ ဖြတ်တောက်ထားတာ။ အေးဆေးပဲ။ ဒီပဲယင်းကရတော့မှာပါ”ဟုကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲကြောင် ဒီပဲယင်း-ရေဦးလမ်းတစ်လျှောက်မှ ကျေးရွာများမှပြည်သူများ ယာယီထွက်​ပြေးတိမ်းရှောင်နေကြရသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ဒီပဲယင်း၊ ရေဦး၊ ဘုတင်လင် ပကဖများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုအပြင်စစ်ကိုင်းတိုင်းအတွင်း အင်းတော်နှင့် ပင်လည်ဘူးမြို့တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တချိန်တည်းမှာပင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၁၁ဦး​သေဆုံးပြီးစခန်းမှူးထွက်​ပြေး၊ အိုးတိန်တွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှုကို​ရည်ရွယ်၍ စစ်ဆင်​ရေးအမည်​ပေးထား