Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းများ ခေါက်ရေလျော့ပြေးဆွဲ

စက်သုံး‌ဆီအခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ထက် အခေါက်ရေ လျော့၍ ပြေးဆွဲနေရကြောင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအသိုင်းအဝိုင်းက ပြောသည်။

ရန်ကုန်မြို့ အောင်မင်္ဂလာဝင်းအတွင်းရှိ ခရီးသည်တင်ယာဉ်များ။ ဓာတ်ပုံ - CJ

ရောင်နီ/People’s Spring

စက်သုံး‌ဆီအခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ထက် အခေါက်ရေ လျော့၍ ပြေးဆွဲနေရကြောင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအသိုင်းအဝိုင်းက ပြောသည်။

“နောက်နေ့ထွက်ဖို့ကို ပထမတစ်ရက်က တစ်နေကုန် တန်းစီရတယ်။ ရောင်းပေးတာကလည်း သုံးသောင်းဖိုး၊ငါးသောင်းဖိုးဆိုတော့ ဘယ်လိုမှထွက်လို့မရတာ”ဟု စစ်ကိုင်းတိုင်းသို့ပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီ လိုသလောက်ဝယ်ယူမရ၍ ယခင်ပြေးဆွဲနေကြ အခေါက်ရေထက် လျော့‌၍ ပြေးဆွဲနေရကြောင်း မန္တလေးမြို့သို့ပြေးဆွဲသည် ယာဉ်လိုင်းမှဝန်ထမ်းတစ်ဦးက ပြောသည်။

ဒေါ်လာဈေး စံချိန်တင်မြင့်တတ်ပြီးနောက် စက်သုံးဆီများလည်း ပြတ်လတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ဆီဆိုင်များသည် အရောင်းပိတ်ထားကာ ရောင်းချပေးသည့်ဆိုင်များမှာလည်း ဝယ်လိုအားနှင့်ရောင်းလိုအားမမျှတမှုများရှိခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်မှစတင်၍ယခင်ဈေးနှုန်းထက် စက်သုံးဆီဈေး ၁၀၀ကျော်မြင့်တတ်လာခဲ့ပြီး ဆိုင်တော်တော်များများက သတ်မှတ်ချက်ဖြင့် ပြန်လည်ရောင်းချပေးနေသော်လည်း လက်ရှိအချိန်အထိ တန်းစီဝယ်ယူနေရဆဲဖြစ်သည်။

“တချို့ဂိတ်တွေက ဆီမရလို့ ထွက်မယ့်ရက်တောင် သေချာမပြောနိုင်ဘူး။ ပစ္စည်းတွေတောင် ရက်ကြာကြာထားမရရင် လက်မခံကြဘူး”ဟု ပစ္စည်းပို့ဆောင်သည့် လုပ်ငန်းလုပ်ဆောင်သူတစ်ဦးက!ပြောသည်။

ထို့ပြင် စက်သုံးဆီဈေးမြင့်တတ်လာသောကြောင့်ဟုဆိုကာ တန်ဆာခများလည်း ယခင်ထက်အနည်းငယ်မြင့်လာကြောင်း ၎င်းကဆိုသည်။

ဩဂုတ် ၁၉ ရက်က ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများအနေဖြင့် ၉၂ တစ်လီတာ ၂,၉၉၀ ၊ ၉၅ တစ်လီတာ ၃,၁၄၀ ၊ ဒီဇယ်တစ်လီတာ ၂,၆၂၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃,၂၁၀ ဖြင့်ရောင်းချလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။