Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့တွင်းမှ တော်လှန်ရေးတပ်များ ယာယီဆုတ်ခွာပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များ မြို့အတွင်းမှ ယာယီဆုတ်ခွာပေးထားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ဒီပဲယင်းမြို့အားသိမ်းပိုက်ပြီးနောက်တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - 96 Soldiers PDF - အညာတပ်ခွဲ/Ko Pyay

သားကြီး/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များ မြို့အတွင်းမှ ယာယီဆုတ်ခွာပေးထားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

စစ်ရဲ့သဘောတရားအရ ယာယီဆုတ်ပေးထားတယ်။ မြို့ကို သိမ်းတာထက် ထိန်းဖို့ကို ပိုပြီး လုပ်နိုင်ဖို့လိုတယ်။ လုပ်သင့်တာ ဆက်လုပ်နေတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့အား အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ဒီပဲယင်းမြို့နယ် ပကဖ ဘုတလင်မြို့နယ် ပကဖတို့က ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းများအား ယမန်နေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အလံဖြူထောင် အလင်းဝင်လာသူ ၁၀၀ကျော်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီသည် ယမန်နေ့ နေ့လယ်ပိုင်းမှစတင်ကာ ဒီပဲယင်းမြို့ကို လေကြောင်းမှ ပေါင် ၅၀၀ဗုံး သုံးလုံးကြဲချကာ ရဟတ်ယာဉ် လေးစီးဖြင့် အင်အား ၁၀၀ကျော်ဖြည့်တင်းခဲ့သည်။

ဒီပဲယင်းမြို့အားသိမ်းပိုက်ပြီးနောက်တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ – 96 Soldiers PDF – အညာတပ်ခွဲ/Ko Pyay

မြေပြင်တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက ညဘက်အထိ လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လတ်တလောအခြေအနေအရ ယမန်နေ့ညပိုင်းကစပြီး မြေပြင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များမှာ မြို့အတွင်းမှဆုတ်ခွာထားသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဟိုကောင်တွေ စစ်ကြောင်းထိုးလာလို့ ဆုတ်ခွာပေးထားတယ်။ လေကြောင်းရော မြေပြင်ကရော”ဟု 96 Siolders PDF(အညာ​ဒေသ)တပ်ခွဲ​​မှ စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ပြောသည်။

“ယနေ့နေ့လည်ပိုင်း Mi 17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စီးဖြင့် အင်အား ၂ ခေါက်ချသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒီပဲယင်းတောင်ပြင်ဘက်မှတစ်ဆင့် မြို့တွင်းသို့ပြန်လည်ဦးတည်နေကြောင်း သိရသည်။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ယမန်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် “ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်သော်လည်း နေ့လည် မန်းလေးနန်းတွင်းမှ အကြမ်းဖက်စစ်သားများ ထပ်မံဖြည့်တင်းမှုကြောင့် ဒီပဲယင်းမြို့ဝန်းကျင်အခြေအနေ စစ်ရေးတင်းမာဆဲဖြစ်ပါသည်။”ဟုလည်း ထပ်မံအသိပေးထားသည်။

ဒီပဲယင်းမြို့အားသိမ်းပိုက်ပြီးနောက်တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ – 96 Soldiers PDF – အညာတပ်ခွဲ/Ko Pyay

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၅ရက်က စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့်ပါ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း ဒီပဲယင်းမြို့သို့ ရေဦးမြို့ဘက်မှ စစ်ကူလာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းကို ရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

ယခုအခါ စစ်ကောင်စီတပ်များက မြို့အတွင်းပြန်လည်ဝင်ရောက်နိုင်ရေး လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးပြင်းထန်နေဆဲဟု 96 Soldiers – PDF (အညာဒေသ)က သတင်းထုတ်ပြန်ထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ ထွက်ပြေးသွားပြီး အလံဖြူထောင်လက်လက်ချအလင်းဝင်လာသူ ပျူစောထီးနှစ်ဦး၊ Non CDM ဝန်ထမ်း ၄၁ဦးနှင့် မိသားစုဝင် ၈၀ဦး စုစုပေါင်း ၁၂၃ဦး ရှိကြောင်း ထပ်မံအသိပေးထားသည်။လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံးကြောင်း ဒီပဲယင်းမြို့နယ် ပကဖမှစစ်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...