Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် PDFများ စစ်တပ်ဂိတ်တစ်ခုကို တိုက်ခို​က်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ရွာစစ်ကောင်စီတပ်ဂိတ်စခန်းအား သွားရောက်တိုက်ခို​က်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး G3 သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိသော G3 တစ်လက်နှင့် တိုက်ပွဲဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-young Force

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ရွာစစ်ကောင်စီတပ်ဂိတ်စခန်းအား သွားရောက်တိုက်ခို​က်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး G3 သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၈ ရက် နံနက် ၅ နာရီခန့်က ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ရွာ စစ်ကောင်စီတပ်နှင့်ပျူစောထီးဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ထိုဂိတ်ရှိ စစ်အုပ်စုဝင် ၆ ဦးထက်မနည်း သေဆုံးကာ G3အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“သူတို့ရဲ့လမ်းဘေးဘန်ကာနားအထိကပ်တယ်။ ပစ္စည်းအလုံအလောက်မရှိတာနဲ့၊ Error(ချို့ယွင်းမှု)ဖြစ်သွားတာနဲ့ ဆက်ပြီးမလုံးနိုင်ဘူး။”ဟု ThuRain-TRအဖွဲ့တာဝန်ခံ ကိုသူရိန်က ပြောသည်။

ထိုဂိတ်သည် ခရီးသွားပြည်သူများအား အတင်းအဓမ္မငွေ​ကြေးကောက်ခံနေသည့်ဂိတ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပျူခေါင်းဆောင်အိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်တပ်၏ လက်နက်ကြီးပစ်ကူများကြောင့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ရဲဘော်၃ဦးထဲက အကုန်လုံးကခေါင်းတွေထိတာ။ တစ်ယောက်ကတော့နည်းနည်းပါးပါး လက်နက်ကြီးအစဝင်သွားတာဆိုတော့ ပုံမှန်လူတော့ပုံမှန်လူပဲ။ ဖြစ်ခါစဆိုတော့ နည်းနည်းပါးပါး ကြောင်တောင်တောင်လေးဖြစ်နေတဲ့သဘောပေါ့ဗျာ။ဆေးကုသမှုတော့ခံယူနေတယ်။ မသက်သာရင်တော့ တနေရာသွားကုရမှာပေါ့။ “ဟု ကိုသူရိန်က ရှင်းပြသည်။

ထိုစစ်ဆင်ရေးကို တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ ပေါက်မြို့နယ် -YGF တပ်ဖွဲ့ ၊ယင်းမာပင်ခရိုင် ဗျူဟာ (၄၇)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၀) ၊ဗိုလ်မီးတောက် ၊ Air Frighter(မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂) မှ ThuRain-TR နှင့် Young Force UG တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ သြဂုတ် ၁၇ ရက်ကလည်း ပခုက္ကူမြို့အထွက် စစ်ကောင်စီဂိတ်အား PDF များ ဝင်ရောက်တိုက်ခိုက်ရာ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်အုပ်စု၏ ကားနှစ်စီးခန့် ပျက်စီးကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။