Connect with us

Hi, what are you looking for?

သတင်း

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သြဂုတ် ၁၅ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်စစ်ကောင်စီတပ်က မိုးတောင်နှင့် ခလရ(၁၀၄)တပ်ရင်းများမှနေ၍ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်မှာ သုံးရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်ဖြင့် မောင်မကန်ကျေးရွာအတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

မောင်းမကန်ကျေးရွာအတွင်း ဝင်ရောက်လာစဥ် သက်ကြီးပိုင်းဒေသခံတစ်ဦးမှ ကြောက်လန့်တကြားထွက်ပြေးရာ စစ်တပ်က လိုက်လံပစ်ခတ်သဖြင့် သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့် တစ်ဦးထိခိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အခုက ရွာထဲမှာကျန်ခဲ့တဲ့ သက်ကြီးပိုင်းတချို့က စစ်ကြောင်းရောက်လာချိန်မှာ ကြောက်ပြီးတော့ ထွက်ပြေးတာပေါ့။ အဲမှာ လမ်းပေါ်ဖြတ်ပြေးတာကို သေနတ်နဲ့ပစ် လိုက်တာ သက်ကြီးပိုင်းတစ်ဦးသေသွားတယ်။ နောက်တစ်ယောက်ကတော့ အိမ်ပေါ်လက်နက်ကြီးကျပြီး ဒဏ်ရာရထားတယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် မောင်းမကန်၊ ကျောက်ဆင်၊ သပွတ်ဆိပ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာပြေးနေကြရပြီး စစ်ကြောင်းမှာ မောင်းမကန်ရွာအတွင်း ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။

အထက်ပါ မောင်းမကန်ရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက်သည့် သြဂုတ် ၁၅ရက်က မောင်းမကန်နှင့် (၁၀)မိုင်ခန့်သာဝေးသည့် ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်ရှိလမ်းဆုံးအနီး စစ်ကောင်စီနယ်လုံဝန်ကြီးယာဥ်တန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။