Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများရေးသား လှုပ်ရှားမှုပြုလုပ်

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးများတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တနေရာရှိ အုတ်နံရံများပေါ်တွင် သပိတ်အင်အားစုလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ ရေးသား၍ ယနေ့ (သြဂုတ် ၂၂) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - GSC

သုည/People’s Spring

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးများတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တနေရာရှိ အုတ်နံရံများပေါ်တွင် သပိတ်အင်အားစုလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ ရေးသား၍ ယနေ့ (သြဂုတ် ၂၂) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်များက “တပ်ကိုဖျက်တာ မင်းအောင်လှိုင်” ၊ “တိုင်းဖျက်ပြည်ဖျက်စစ်တပ်” ၊ “မင်းတို့အရှုံးပြည်သူ့အပြုံး” ၊ “မင်းတို့သေရင်တို့ပြည်သူတွေပျော်တယ်@+” စသည့် စာသားများ ရေးသားခဲ့ကြသည်။

Public Service Announcement

Public Service Announcement

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ အင်အားချိနဲ့၊ ပြိုကွဲလာမှုကို ရန်ကုန်ပြည်သူလူထုက ဝမ်းသာပီတိဖြစ်ကြောင်း စစ်ကောင်စီရှုံးလေ ပြည်သူက ပြုံးလေဟုဆိုကာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY နှင့် လူငယ်သပိတ်ကော်မတီ တို့ ပူးပေါင်း၍ မြို့နယ်အသီးသီးရှိ ကျောင်းသား၊ပြည်သူတို့နှင့်အတူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။.

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။