Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျေးရွာ ၃ရွာ မီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အား စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ပြီးနောက် စစ်ကြောင်းထိုးရာ ကျေးရွာ ၃ရွာ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အား စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ပြီးနောက် စစ်ကြောင်းထိုးရာ ကျေးရွာ ၃ရွာ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၄ရက် နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ပျော်ဘွယ်ရွာ၊ မစိုးရိမ်ရွာနှင့် ကံပြားကျေးရွာရှိ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မစိုးရိမ်ကျေးရွာ၌ စစ်ကြောင်းရှိနေဆဲဖြစ်၍ ကျေးရွာသုံးရွာလုံး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ ရေဦးမြို့ဘက်မှလည်း ဒီပဲယင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာပြီး နှစ်ဘက်စစ်ကြောင်းပြိုင်ထိုးမှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ ငါးထောင်ထက်မနည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“Camp တွေတော်တော်များများက ကူညီပေးနေတာ။ တချို့ချက်ကျွေး တချို့ထမင်းထုပ်ဆင့်ပြီးတော့ပေါ့။ ခုကရက်နည်းနည်းကြာတော့ ချက်ကျွေးရတာ တော်တော်ခက်ခဲလာနေကြပြီဗျ။”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ရေဦးမြို့နယ်မှလာသော စစ်ကြောင်းသည် မုတ်စီရွာမှ ပြည်သူ လေးဦးဖမ်း​ဆီးသွားကြောင်း ရေဦးနယ်အခြေပြု People’s Defense Comrade အဖွဲ့က အသိပေးသည်။

သြဂုတ် ၂၂ရက် ည ၁၀ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်များရှိနေသည့် နဂါးတွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၅ ရက်ကစတင်ခဲ့သည့် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာများအခက်အခဲရှိနေကြောင်း S&C မီး​​​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် သြဂုတ် ၁၈ရက်နံနက်ပိုင်းတွင် မြို့သိမ်းနိုင်ခဲ့သည်။ သို့သော် လေကြောင်းပစ်ကူများနှင့် စစ်တပ်က အင်အားတိုးစစ်ကြောင်းထိုးမှုကြောင့် PDFရဲဘော်များ ဒီပဲယင်းမြို့တွင်းမှ ယာယီဆုတ်ခွာပေးထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook