Connect with us

Hi, what are you looking for?

သတင်း

အရက်မူးနေသည့် စစ်ကောင်စီတပ်သားအချို့ ဒရုန်းပျံသန်းစဥ် နေအိမ်ပေါ်ပျက်ကျပေါက်ကွဲ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အရက် သေစာမူးယစ်သောက်စားထားသည့် စစ်ကောင်စီတပ်သားအချို့မှ ဒရုန်းလွှတ်တင်ပျံသန်းစဥ် လူနေအိမ်ပေါ်ကျရောက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

စစ်ကောင်စီတပ်မှ ဒရုန်းတစ်စင်းပျက်ကျပြီးနောက် ပေါက်ကွဲခဲ့ရာ ထိခိုက်ပျက်စီးမှုအချို့ကိုတွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အရက် သေစာမူးယစ်သောက်စားထားသည့် စစ်ကောင်စီတပ်သားအချို့မှ ဒရုန်းလွှတ်တင်ပျံသန်းစဥ် လူနေအိမ်ပေါ်ကျရောက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

ယမန်နေ့(သြဂုတ် ၂၈ ရက်)နေ့လယ် ၂ နာရီခန့်က လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာမအရှေ့ဘက်ရှိ စိတ်ဓိတ်ကျေးရွာမှ လူနေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီတပ်၏ ဗုံးကြဲဒရုန်းတစ်စီး ပျက်ကျကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အိမ်ထဲထိုင်နေကြတာ အသံကြားတော့ လေယာဥ်လာတယ်ထင်ပြီး အောက်မှာငြိမ်နေတုန်း ဝုန်းကနဲဆိုတဲ့အသံကြီးကြားတော့လန့်ကုန်တာ။ စကစတွေက အရက်မူးနေကြတာ။ လမ်းကြောင်းမှားပြီး သစ်ပင်နဲ့ငြိသွားလို့ အိမ်ပေါ်ပြုတ်ကျတာ”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုင်ခိုက်ရေးဗုံးကြဲဒရုန်းကို လွှတ်တင်ခဲ့သည်မှာ ပျက်ကျပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် စိတ်ဓာတ်ကျေးရွာ နှင့် ၂ မိုင်ကျော်ရှိထန်းပင်ကုန်း

ရွာတွင်အထိုင်ချထားသော စစ်ကောင်စီတပ်မှ ပျံသန်းခဲ့ခြင်းဖြစ်ပြီး ဒရုန်းပျက်ကျသည့်နေရာသို့ လာရောက်ကြည့်ရှူ့ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ဒရုန်းပျက်ကျပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် အိမ်ရှင်မိသားစုများ ထိခိုက်မှုမရှိခဲ့သော်လည်း နေ အိမ်အမိုးအကာများ ပေါက်ပြဲပျက်စီးခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

၎င်းထန်းပင်ကုန်းရွာအခြေစိုက် စစ်ကောင်စီတပ်သားများသည် သြဂုတ် ၂၄ ရက် ရေငံရွာတိုက်ပွဲနှင့် သြဂုတ် ၂၇ ရက်နေ့ ပဲခူးရိုးမအ စပ် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ကူပေးခြင်းများ လုပ်ဆောင်နေသည့် အ ထိုင်ချနေရာလည်း ဖြစ်သည်။

လတ်တလောတွင် အထက်ပါ ထိတွေ့တိုက်ပွဲများကြောင့် လက်ပံတန်းမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိရာ ယနေ့(သြဂုတ် ၂၉)နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်း၍ ပဲခူးရိုးမသို့ စစ် ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။