Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ၊ တော်လှန်ရေးတပ် တစ်ဦးအရှင်ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ကျောက်ဆိပ်ကုန်းကျေးရွာကြားတွင် ဩဂုတ် ၂၈ ရက်နံနက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးကာ တစ်ဦးအရှင် ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

တနင်္သာရီတိုင်း မှ PDF များ။ TDF

မိထက်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ကျောက်ဆိပ်ကုန်းကျေးရွာကြားတွင် ဩဂုတ် ၂၈ ရက်နံနက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးကာ တစ်ဦးအရှင် ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

စစ်ကြောင်းထိုးလာတာကို ကြားဖြတ်တိုက်တာပါ။ တိုက်ပွဲက သုံးနာရီမကကြာပါတယ်။ စစ်တပ် စစ်ကြောင်းပျက်သွားပြီး စစ်ကူခေါ်ပြီးထွက်ပြေးသွားတာပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစါဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်၁၆ ဦးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦးအရှင် ဖမ်းမိထားသည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

တပ်ကြပ်ကြီးထံမှ MA-4သေနတ် တစ်လက်၊ ကျည်ဘောက် ခြောက်ခုနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲအတွင်းသေဆုံးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထားဝယ်မြို့ပေါ်မှလာရောက်သည့် စစ်ကူစစ်ကြောင်းက သယ်ဆောင်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခြင်းဟု သိရသည်။

ကော့ကရိတ်မြို့နယ် ဒေါနတောင်မှ ပြန်လည်ဆုတ်ခွာခဲ့သည့် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထားဝယ် မြို့နယ် အတွင်း ရောက်ရှိနေကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ပြောသည်။

ထားဝယ်မြို့နယ်အတွင်း စစ်ရေးတင်းမာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသခံများအား သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။