Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့နယ် ၄ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလောင်နီလှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့ရှိ မြို့နယ် ၄ခုတွင် AJAYနှင့် လူငယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများရေးသားသည့် ကလောင်နီလှုပ်ရှားမှု ယနေ့ (စက်တင်ဘာ ၄) ပြုလုပ်ခဲ့သည်။

သုည/People’s Spring

ရန်ကုန်မြို့ရှိ မြို့နယ် ၄ခုတွင် AJAYနှင့် လူငယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများရေးသားသည့် ကလောင်နီလှုပ်ရှားမှု ယနေ့ (စက်တင်ဘာ ၄) ပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်များက “တပ်ကိုဖျက်တာ မင်းအောင်လှိုင်” ၊ “မင်းအောင်လှိုင်သေမှအေးမှာ” ဆိုသော စာသားများ အပါအ၀င် စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားများကို တာမွေမြို့နယ်၊မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းနှင့် မရမ်းကုန်းမြို့နယ်တို့ရှိ မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာနှင့် ဝေဇယန္တာလမ်းမကြီးတို့တွင် ရေးသားလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကလောင်နီသည် လူထု၏အသံ ၊ လူထု၏ ကလောင်ဖြစ်သည့်အတွက် ပြည်သူတိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ကလောင်နီလှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ကြရန်လည်း သပိတ်လူငယ်များက တိုက်တွန်းလှုံ့ဆော်သည်။

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု AJAY

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။