Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်က ရုရှားအတွက် ဒုံးကျည်တွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ဆို

အီရန်ဟာ ရုရှားအတွက် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ခဲ့ပြီး အဲဒီ အခြေအနေဟာ ယူကရိန်းအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့ အမေရိကန်နဲ့ အနောက်မဟာမိတ် ထောက်လှမ်းရေး အရင်းအမြစ်တွေက ပြောပါတယ်။

အဲဒီ ဒုံးကျည်တွေ ပေးပို့မှုကို အသုတ်လိုက်ခွဲပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပေမယ့် ရက်အတိအကျကိုတော့ သတင်းရင်းမြစ်တွေက ထုတ်မပြောခဲ့ပါဘူး။ လတ်တလော သီတင်းပတ်တွေအတွင်း ရုရှားက ယူကရိန်း ပိုင်နက်ထဲ ဒုံးကျည်တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့် လုပ်ဆောင်လာမှုရဲ့ နောက်ကွယ်မှာ အီရန်ရဲ့ အဲဒီ ထောက်ပံ့မှုကလည်း အကြောင်းရင်းတစ်ခု ဖြစ်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ရုရှားဟာ ဆောင်းရာသီ မတိုင်ခင်မှာ ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့် လုပ်ဆောင်လာနိုင်ခြေ ရှိနေပြီး အဲဒီအတွက် ယူကရိန်းကို လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို ထောက်ပံ့ပေးကြပါလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အနောက်မဟာမိတ် နိုင်ငံတွေကို တောင်းဆိုနေပါတယ်။

Public Service Announcement

Public Service Announcement

အမရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ရှောင် ဆာဗက်က အီရန်က ပဲ့ထိန်းဒုံးကျည်တွေ ဘယ်လိုနည်းလမ်းနဲ့ ထောက်ပံ့တာ ဖြစ်ပါစေ၊ ရုရှားရဲ့ ကျူးကျော်စစ်မှာ အီရန်ရဲ့ ထဲထဲဝင်ဝင် အားပေးကူညီမှု ပိုမို အရှိန်ရလာတယ်လို့ သတ်မှတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပွဲ မစတင်ခင် ကတည်းက အီရန်နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ခဲ့တယ် ဆိုတာကို သဘောပေါက်ထားကြောင်း၊ အခုနှစ် G7နဲ့ NATO ထိပ်သီး ညီလာခံတွေမှာတော့ အမေရိကန်နဲ့ မိတ်ဖက်တွေဟာ အီရန်အပါအဝင် ရုရှားကို စစ်ရေးအရ ထောက်ပံ့တဲ့သူတိုင်း ကြုံနိုင်တဲ့ အကျိုးဆက်တွေအတွက် အတိအလင်း ဆွေးနွေးထားပြီးဖြစ်ကြောင်း သူက ဆိုပါတယ်။

အီရန်ဟာ စစ်ပွဲကာလထဲမှာ ရုရှားကို ဒရုန်းတွေ အများအပြား ထောက်ပံ့ ပို့ဆောင်ခဲ့ပြီး ဖြစ်သလို အခုတော့ တစ်ဆင့်တက်ပြီး ဒုံးကျည်တွေပါ ပံ့ပိုးလာတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အီရန်နဲ့ ရုရှားကြားက စစ်ရေး ပူးပေါင်းမှုတွေ အားကောင်းလာခြင်းဟာ ယူကရိန်း အတွက်သာ မကဘဲ NATO မဟာမိတ်တွေ အတွက်ပါ သတိပေး တပ်လှန့်မှု တစ်ခု ဖြစ်လာတယ်လို့ အမေရိကန်က ယူဆထားပါတယ်။

သတင်းတွေအရ ရုရှားဟာ နိုင်ငံပိုင်နက်ထဲမှာ အီရန် အကူအညီနဲ့ စစ်သုံးဒရုန်း စက်ရုံတစ်ခုကိုလည်း တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။