Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃ဦးသေ၊ ကလေး ၃ဦးအပါအဝင် ၁၈ဦးဒဏ်ရာရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် စက်တင်ဘာပထမပတ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ထောင်ထားသောမိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာသူပြည်သူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် စက်တင်ဘာပထမပတ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း အရပ်သားထိခိုက်သေဆုံးမှုကို ပုံမှန်အသိပေးလျက်ရှိရာ စက်တင်ဘာ ပထမပတ်တွင် ပဲခူးတိုင်း ရေတာရှည်၊ ဖြူးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးကာ မွန်ပြည်နယ် သထုံမြို့နယ်တွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီက မသင်္ကာဟုဆိုကာ ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ရကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ၇ ရက်တာကာလအတွင်း အပြစ်မဲ့အရပ်သား သုံးဦး ထိခိုက်သေဆုံးခဲ့ရပြီး၊ ကလေးငယ် သုံးဦးနှင့် အသက် (၁၃)နှစ်အရွယ် မချစ် စံပယ်အပါအဝင် ၁၈ ဦး ဒဏ်ရာရရှိခဲ့ရကာ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးရေ ၉၁ဦးထိရှိခဲ့သည်ဟု တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်သည်။

ထို့အပြင် နေအိမ်များ၊ နွားတင်းကုပ်များ၊ ဆိုင်ကယ်များလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံများ ပိုင်ဆိုင်သည့်နွားများလည်းသေဆုံးခဲ့ရဟုဆိုသည်။

ဖြစ်စဉ်များကို အသေးစိတ်ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ရေတာရှည်မြို့နယ်၊ လုံးရန်းအုပ်စု၊ ကျွဲကောပင်ရွာနေ အသက်(၂၂)နှစ်အရွယ်အမျိုးသမီးတဦး၊ ဖြူးမြို့နယ် လေးအိမ်စုရွာ‌ရှိ အမျိုးသမီးတဦး ပေါင်း ၂ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရဟုဆိုသည်။

ထို့ပြင် သထုံမြို့နယ်၊ လစ်ဟင်းရွာတွင် စစ်ကောင်စီတပ်သားများက အရပ်သားလူငယ် ၂ ဦးကို မသင်္ကာသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစါဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် အရပ်သား ထိခိုက်မှုရှိခဲ့ဟုလည်း အသိပေးထားသည်။

တောင်ပိုင်းစစ်ဒေသ၏ ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် အထက်ပါစာရင်းထက်ပိုများနိုင်သည်ဟုလည်း ဖော်ပြသည်။

ဩဂုတ်လနောက်ဆုံးအပတ်တွင်လည်း တောင်ပိုင်းစစ်ဒေသနယ်မြေ၌ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လက်ချက်ကြောင့် အရပ်သား ၃ဦးသေဆုံးကာ ကလေးငယ် အပါအဝင် ၄ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃၉၉ ဦးရှိပြီး အရပ်သားများကို စစ်မှုထမ်းခိုင်းရန်၊ လူသားဒိုင်း ပြုလုပ်ရန် အပါအဝင် အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။

တောင်ပိုင်း စစ်ဒေသနယ်မြေတွင် ဩဂုတ်လအတွင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ရာ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ ရွှေကျင်မြို့နယ် ကုန်းမြင့်သာယ စစ်ကောင်စီ ရှေ့တန်းစခန်းကို ဩဂုတ် ၃၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို PDFနှင့် KNLA အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များ အတူတကွ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲကို ပူးပေါင်းတပ်များဆင်နွှဲလျက်ရှိသည်။ သံတောင်ကြီးမြို့နယ်တွင်လည်း ပူးပေါင်းတပ်က စစ်ကောင်စီ၏ ခမရ(၆၀၃) တပ်ရင်းကို ရှေ့ာတိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ ပဲခူးတိုင်းလက်ပံတန်းမြို့နယ်အတွင်း ဩဂုတ် ၂၄ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ၂၀ ဦးသေဆုံးကာ စစ်သုံ့ပမ်း ၁၀ဦး ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ အလက် ၃၀ကျော်ရရှိခဲ့ကြောင်း ဟု တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။

ဖြူးမြို့နယ်အတွင်း ဩဂုတ် ၁၉ရက်နှင့် ၂၀ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၉ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်ဟု ဆိုသည်။

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာအနီး ဩဂုတ် ၁၉ရက်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ပဲခူးတိုင်းပေါင်းတည်မြို့နယ် အတွင်း ဩဂုတ် ၁၅ရက် တိုက်ပွဲ တွင်လည်း စစ်ကောင်စီတပ် ၁၄ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။ အုတ်တွင်းမြို့နယ် မြက်နီကွင်း တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က သေဆုံးမှုရှခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။