Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့ပေါ် ရေများရောက်ရှိလာပြီး စတင်ရေကြီး

ရေကြီးရေလျှံမှုမှာ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အထိ ရောက်ရှိလာပြီး တံတားဦးမြို့ပေါ်နှင့် အမြန်လမ်းများပေါ်အထိ စတင်ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။

တံတားဦးမြို့ပေါ်၊ အမြန်လမ်းပေါ် ၃၅၇ အဝိုင်းနှင့် လမ်းပိုင်းအချို့ ရေကြီးနေစဥ်။ ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

ရေကြီးရေလျှံမှုမှာ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အထိ ရောက်ရှိလာပြီး တံတားဦးမြို့ပေါ်နှင့် အမြန်လမ်းများပေါ်အထိ စတင်ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၁၂ရက်ည)ကတည်းက ကျောက်ဆည်မြို့နယ်ဘက်မှ စီးဆင်းလာသော ပန်းလောင်မြစ်နှင့် အခြားမြစ်ချောင်းများမှ ရေများတက်လာ၍ တံတားဦးမြို့နယ်ရှိ အမြန်လမ်းဘေးတဝိုက် စကားအင်း၊ ပန်းယျနှင့် ရှားပင်၊ဒွေးလှ ၊ရွာတော်၊ကျီးအိပ်၊အနောက်ငါးဆူ၊ အိမ်မြင့်စံ၊ ထန်းတော၊ ဝန်ပတေ့ ထန်းလုံးတပ်၊သားများဘရွာ စသည့် ကျေးရွာအများအပြား ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တံတားဦး ၃၅၇ အဝိုင်းထိပါ ရေများတက်နေပြီး မြို့တွင်း သာဂေါင်ရပ်၊ စိတ္တရမဟီရပ်များရှိ ‌လမ်းများပေါ် ရေကျော်နေကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ရွာက မြစ်၊ချောင်းပတ်လည် ဝိုင်းပြီးနေတဲ့ရွာ။ အခုရေဘေး ပြေးစရာမြေမရှိဖြစ်နေပြီ။ နံဘေးနားက မြစ်ရိုးတလျှောက်ရွာတွေလည်း ရေကြီးနေပြီ။ ရွာက အိမ်ဝိုင်းထဲမှာ လူတရပ်မြုပ်လုလုရှိနေပြီတဲ့။အနိမ့်ပိုင်းတွေက အိမ်တွေ မြုပ်ကုန်ပြီ။တချို့က ရွာအထွက်လမ်းမြောင်းဘောင်ဆီသွားကုန်တာ လမ်းတဝက်မှာ ပိတ်မိနေကြတယ်။”ဟု တံတားဦးမြို့နယ်၊ ရှားပင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တံတားဦး-ပလိပ်လမ်း၊ ကျောက်ဆည်-တံတားဦးလမ်းများလည်း ရေကျော်၍ ဖြတ်သန်း၍ မရတော့ကြောင်း သိရသည်။

ပြည်သူများလည်း ပိတ်မိနေပြီး ကယ်ဆယ်ရေးအကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

နေပြည်တော်အနီး ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကူမဲ၊ မြစ်သား၊ ကျောက်ဆည်မြို့နယ်များ အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လူအများအပြား သေဆုံးမှုများပါရှိနေသည်။ ရေဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး ရေကြီးဒေသများပြားနေ၍ ကယ်ဆယ်ရေးအဖွဲ့များလည်း လုံလောက်မှုမရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။