Connect with us

Hi, what are you looking for?

သတင်း

လင်းနစ်​၏ ရေဘေးအလှူသီချင်း ကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့် လေလံဆွဲ

မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။

(ဇွန် ၂၉ ရက်ကပြုလုပ်သည့် Maryland Music Concert ရန်ပုံငွေပွဲတွင်ဖျော်ဖြေနေသည့်လင်းနစ်)

ဆဏ်း/People’s Spring

မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။

“10500$ နဲ့ ချစ်သူ့အိမ်အပြန်သီချင်းရဲ့ မူပိုင်ခွင့်ကို အမည်မဖော်လိုသူ အလှုရှင်တဦးကရရှိသွားပါပြီနော် ။အချိန်ကပ်မှ အပြိုင်အဆိုင်လာပေးနေကြလို့ပါ။ လက်တွေတုန်ရင်း စာတွေရိုက်နေရတာ ချစ်တဲ့သူတွေ ကောင်းမွန်အေးချမ်းစွာ အိမ်ပြန်နိုင်ကြပါစေ။ သီချင်းလေးနဲ့အတူတောင်းဆုပြုပါတယ်နော် ” ဟု လင်းနစ်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ချစ်သူ့အိမ်အပြန် အမည်ဖြင့် လင်းနစ်၏ ကိုယ်ပိုင်သံစဉ်သီချင်းကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ဖြင့် လေလံစတင်ခဲ့ပြီး အမြင့်ဆုံး ဒေါ်လာ ၁၀,၅၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

လေလံအောင်သွားသူသည် သီချင်း၏ ဉာဏမူပိုင်ခွင့်ကိုပါရရှိမည်ဖြစ်ပြီး ရရှိသည့် ငွေအားလုံးကို ရေးဘေးအတွက် လှူဒါန်းမည်ဟု လင်းနစ်က အသိပေးထားသည်။

လင်းနစ်သည် နွေဦးတော်လှန်ရေးအတွင်း ပြည်သူနှင့်အတူ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိကာ တော်လှန်ရေးရန်ပုံငွေပွဲများတွင် ပါဝင်ဖျော်ဖြေပေးနေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။