Connect with us

Hi, what are you looking for?

သတင်း

မိသားစုတစ်စုကိုကယ်တင်ဖို့ကြိုးစားရင်း လှေမှောက် ပြီး သရက်ပင်ပေါ် နာရီ ၂၀ နီးပါးခိုခဲ့ရတဲ့ အမျိုးသားကြီးတစ်ဦးကို ကယ်တင်နိုင်ခဲ့

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ရေစီးနဲ့မျောပါသွားတဲ့မိသားစုတစ်စုကို ကယ်ဖို့ကြိုးစားရင်း လှေမှောက်ပြီး နာရီပေါင်း ၂၀နီးပါး သရက်ပင် ပေါ်ခိုကပ်နေခဲ့ရတဲ့ အမျိုးသားကြီးတစ်ဦးကို လူမှုကူညီရေးအသင်းတစ်ခုက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

လှေသမားကြီး ဦးမောင်ဦးအား ကယ်တင်အပြီးတွေ့ရစဉ်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ရေစီးနဲ့မျောပါသွားတဲ့မိသားစုတစ်စုကို ကယ်ဖို့ကြိုးစားရင်း လှေမှောက်ပြီး နာရီပေါင်း ၂၀နီးပါး သရက်ပင် ပေါ်ခိုကပ်နေခဲ့ရတဲ့ အမျိုးသားကြီးတစ်ဦးကို လူမှုကူညီရေးအသင်းတစ်ခုက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၃ရက် ညနေ ၅ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း၊ တံတားဦးအဝိုင်းအနီးက ပလိပ်မြို့ကိုသွားတဲ့လမ်းပေါ်မှာ ရေစီးနဲ့မျောပြီး ၈နာရီကြာပိတ်မိနေတဲ့ မိသားစုငါးယောက်ကို အမရပူရမြို့က အသက်(၆၄)နှစ်အရွယ် ဦးမောင်ဦးဆိုသူက လှေနဲ့သွားကယ်ဖို့ကြိုးစားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“အဘသည်အသက်ရွယ်ကြီးသော်လည်း အသက်ကယ်တင်ရန် စိတ်အားတက်ကြွလွန်းပြီး အဘ၏ဇနီးနှင့်အနီးနားဝန်းကျင်မှလူများမှ ရေစီးသန်လွန်းတယ်မဖြစ်ဘူးလို့တားသော်လည်း အသက်တချောင်းကယ်တင်ကောင်းတယ်လို့ဆိုကာ အတူလိုက်မည်သူများကိုပါ အန္တရာယ်များတယ်နေခဲ့ဟုဆိုပြီး တယောက်တည်းသွားရောက်ကယ်ဆယ်ခဲ့ပါတယ်။”လို့ ကိုယ်တွေ့ကြုံခဲ့သူ Htet Waiyan Win Thu ဆိုသူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးမောင်ဦးဟာ စက်လှေမောင်းရော ရေကူးရောကျွမ်းကျင်သူဖြစ်ပေမယ့် ရေစီးပြင်းထန်နေတာကြောင့် လှေမှောက်သွားခဲ့တယ်လို့ ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။

အဲဒီနောက် ဦးမောင်ဦးဟာ ရေစီးနဲ့မျောပါရင်း သရက်ပင်ကိုင်းကိုလှမ်း​ဆွဲနိုင်ခဲ့ပြီး အပင်ပေါ်ခိုကပ်နေခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရေစီးပြင်းထန်ပြီး ညမိုးချုပ်လာတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးမလုပ်နိုင်တော့ဘဲ နောက်တနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ အဘဦးမောင်ဦးကို ရှာဖွေခဲ့ကြပါတယ်။

နေ့လယ် ၁၂ နာရီ ၄၇ မိနစ်ခန့်မှာတော့ အဘဦးမောင်ဦးကို စက်လှေသမား ကိုချစ်မျိုးနဲ့ မန္တလေး၊ အောင်တော်မူရပ်က မြတ်သဒ္ဒါလူမှုကူညီရေးအသင်းတို့က ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြပါတယ်။

မြတ်သဒ္ဒါလူမှုကူညီရေးအသင်းဟာ ဦးမောင်ဦးတင်မကဘဲ ဦးမောင်ဦးကယ်ဖို့ကြိုးစားခဲ့တဲ့

မိသားစု ၅ဦးကိုလည်း အဲဒီနေ့ မနက် ၇ နာရီနာရီမှာပဲ ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရေစီးအားပြင်းထန်တာကြောင့် မြတ်သဒ္ဒါလူမှုကူညီရေးအသင်းရဲ့ စက်လှေ အင်ဂျင်ပျက်သွားခဲ့ပေမယ့် အသစ်တလုံးထပ်မံဝယ်ယူပြီးချက်ချင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်ဝန်းကျင်ကတည်းကစပြီး နေပြည်တော်တဝိုက်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ တံတားဦးမြို့နယ်တွေမှာ ရေကြီးရေလျှံခဲ့ပြီး ပြည်သူသိန်းချီရေဘေးသင့်ကာ ရာဂဏန်းခန့် သေဆုံးမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

Facebook