Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ် သစ်ကျင်းကြီးရွာရှိ NLDလက်ထက်ကအုပ်ကြီးအိမ်အပါအဝင် ​နေအိမ်ငါးလုံးမီးရှို့ဖျက်ဆီးခံရ

နေအိမ်မီးရှို့ခံရသည့် သစ်ကျင်းကြီးကျေးရွာ ဒေသခံများမှာ လက်ရှိတွင် ထွက်ပြေးတိမ်ရှောင်​နေကြရသည်။

အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ NLD လက်ထက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အပါအဝင် ​နေအိမ်ငါးလုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၀ရက်က အကြမ်းဖက်ကောင်စီ၏ သစ်ကျင်းကြီးကျေးရွာအနီးရှိ (၃၆၉ အမြှောက်တပ်ရင်း၊ အရပ်ခေါ် သစ်ကျင်းကြီးတပ်)က ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ကို လှမ်းခေါ်ပြီး သတင်းပေးတဲ့လူက ကြံ့ဖွတ်အုပ်ပြုတ် ရွှေထွန်းဆိုတဲ့ကောင်ပါ။ ရွာမှာ သူနဲ့အဆင်မပြေတဲ့သူတွေကို သတင်းလိုက်ပေးနေတာ။ စစ်တပ်ကလည်း သစ်ကျင်းကြီးမှာဆိုတော့ နီးတော့ချက်ချင်းလာပြီး မီးရှို့သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်မီးရှို့ခံရသည့် သစ်ကျင်းကြီးကျေးရွာ ဒေသခံများမှာ လက်ရှိတွင် ထွက်ပြေးတိမ်ရှောင်​နေကြရသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၅ရက်လည်း အရာတော်မြို့နယ်မကျည်းကန်ရွာရှိ ဘုရားအလှူငွေများကို စစ်ကောင်စီကလုယူပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး အပြစ်မဲ့ပြည်သူများကို အုပ်စုလိုက်သတ်ဖြတ်ခြင်း၊နေအိမ်များ မီးရှို့ခြင်းနှင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းစသော စစ်ရာဇဝတ်မှုများစွာရှိနေကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော