Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းဗျုဟာ ဝိုင်းခံရချိန် အနီးတဝိုက်က ရွာကို လက်နက်ကြီးနဲ့စစ်တပ်ပစ်ခတ်

ဘုရားသုံးဆူ – သံဖြူ ဇရပ် လမ်းပိုင်းက အနန်းကွင်းဗျုဟာပိတ်ဆို့တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးရာမှာ ဖားပြရွာကို ပစ်မှတ်ထားပြီး ၂ ရက်ဆက်တိုက် ပစ်ခတ်တာရှိလာတယ်လို့ ကရင်စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။

နိုင်ပကောင်း/People’s Spring

ဘုရားသုံးဆူ – သံဖြူ ဇရပ် လမ်းပိုင်းက အနန်းကွင်းဗျုဟာပိတ်ဆို့တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးရာမှာ ဖားပြရွာကို ပစ်မှတ်ထားပြီး ၂ ရက်ဆက်တိုက် ပစ်ခတ်တာရှိလာတယ်လို့ ကရင်စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗျုဟာတပ်စခန်းရှိတဲ့ အနန်းကွင်းရွာနဲ့ ဖားပြရွာဟာ ၁၄ မိုင်ခန့်ဝေးပါတယ်။

Public Service Announcement

Public Service Announcement

အနန်းကွင်းဗျုဟာ ပိတ်ဆို့ တိုက်ခိုက်ခံရချိန်မှာ စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဖားပြရွာထဲကို ပစ်မှတ်ထားပစ်ခတ်လာတာလို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကိုတော့ သံဖြူဇရပ်မြို့ ၊ ဝဲကလိရွာအခြေစိုက် စစ်တပ်က တာဝေးပစ် ဟောင်ဝစ်ဇာအမျိုးအစား အမြှောက်နဲ့ပစ်ခတ်တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဖားပြရွာထဲ ကျရောက်ပေမယ့် လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

“(ရွာသားတွေ) ထိခိုက်မှုတွေမရှိပါဘူး၊ အချို့ကတော့ ပြောင်းရွှေ့နေကြပါပြီ” လို့ ဖားပြကျေးရွာ ဒေသခံကပြောပါတယ်။

ဖားပြရွာအနီးက ကျုံခဝန်ရွာကိုလည်းပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာလ ၉ ရက် မနက်ပိုင်းက လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ကလေး ၁ ဦီးအပါအဝင် အရပ်သား ၂ ဦီးထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်ဖြစ်ထားပါတယ်။

အနန်းကွင်းဗျုဟာကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခံနေရချိန်မှာ မြေပြင်ကနေ စစ်ကူပို့ဖို့ ခက်ခဲလာတဲ့ စစ်ကောင်စီဟာ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ လှမ်းပစ်တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းကို စိုးမိုးထားတဲ့အနန်းကွင်းဗျုဟာနဲ့ လွတ်ရှမ်းရွာ စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ လွတ်ရှမ်းရွာစခန်းကိုစစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက လက်လွှတ်လိုက်ရပါတယ်။

တိုက်ပွဲတွေကြောင့် အနန်းကွင်းနဲ့လွတ်ရှမ်းရွာ အပါအဝင် အနီးတဝိုက်ရွာတွေက ဒေသခံတွေ စစ်ရှောင် နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook