Connect with us

Hi, what are you looking for?

News

ပွင့်ဖြူမြို့နယ်တွင် စခန်းမှူးနှင့် စစ်ကောင်စီတပ်သားများပါလာသည့်ယာဥ်ကို PDFက မိုင်းခွဲတိုက်ခိုက်ရာ လေးဦးသေ

ကျန်ရှိသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်မှုများစွာ ပြုလုပ်သဖြင့် လမ်းပိုင်းတွင်မြှုပ်ထားသည့် လက်ကျန်မိုင်းများကိုပါ တစ်ပါတည်းဖောက်ခွဲခဲ့သည်ဟု PRA(မကွေး)၏ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

People's Spring
People's Spring

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရှောက်တော-မဲဇလီလမ်း တွင် မြို့မရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်သားများပါရှိသော မော်တော်ယာဥ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့သည်ဟု PDF Pwintbyu က ယနေ့(အောက်တိုဘာ၂၁) အသိပေး ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ အောက်တိုဘာ ၂၀ ရက် ည၁၁နာရီခွဲ တွင် ပွင့်ဖြူမြို့မရဲစခန်းမှူးမောင်းနင်လာသော ကားနှင့် စစ်ကောင်စီတပ်သားများပါရှိသော ကားတစ်စီးကို မိုင်းနှစ်ကြိမ်ခွဲခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်မိုင်းခွဲတိုက်ခိုက်မှုအတွင်း စခန်းမှူးမောင်းနှင်းသည့် ကားမှာ ပြင်းထန်စွာထိခိုက်ခဲ့သည်ဟု ယူဆရပြီး စစ်ကောင်စီတပ်သားများပါရှိသောယာဥ်မှာ အနည်း ငယ်သာထိခိုက်ခဲ့သည်။

ထို့ကြောင့် ဒုတိယအကြိမ်မိုင်းခွဲရာ စစ်ကောင်စီတပ်သားပါရှိသော ကားပေါ်မှ ဆင်းလာသည့် တပ်သားလေးဦး သေဆုံးခဲ့သည်ဟု PDF Pwintbyu ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကျန်ရှိသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်မှုများစွာ ပြုလုပ်သဖြင့် လမ်းပိုင်းတွင်မြှုပ်ထားသည့် လက်ကျန်မိုင်းများကိုပါ တစ်ပါတည်းဖောက်ခွဲခဲ့သည်ဟု PRA(မကွေး)၏ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒုတိယအကြိမ် ဖောက်ခွဲတော့ စစ်ခွေးတွေသေတာ သေချာတယ်။နောက်အလုံးတွေထပ် ဖောက်တော့သေ၊မသေမသိသေးဘူး”ဟု ၎င်းက ပြောသည်။

လူထုတော်လှန်ရေးအင်အားစု PRA (မကွေး)နှင့် PDF Pwintbyu တို့ ပူးပေါင်း ၍ တိုက်ခိုက်ခဲ့သည့် ယမန်နေ့ည တိုက်ပွဲ၌ ပြည်သူ့တပ်ဖွဲ့ဝင်ဘတစ်စုံတစ်ဦးမျှ ထိခိုက်ခဲ့ခြင်းမရှိဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook