Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝန်းက တစ်သံတည်းထုတ်ဖော်ပြောဆိုရေး အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ မြန်မာသံအမတ်ကြီးတို့ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုလည်း စက်တင်ဘာလက အွန်လိုင်းကတစ်ဆင့် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝန်းက တစ်သံတည်းထုတ်ဖော်ပြောဆိုရေးအတွက် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးဝင်ဒီရှားမန်းနဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံတဲ့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက အောက်တိုဘာ ၁၉ ရက်မှာ ဝါရှင်တန်မြို့တော်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နောက်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူအား လုံးပြန်လွှတ်ပေးဖို့၊ နှိပ်စက်ညှင်းပန်းမှုတွေကိုအရေးယူဖို့နဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်သွားဖို့ စတာတွေကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုလည်း စက်တင်ဘာလက အွန်လိုင်းကတစ်ဆင့် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”