မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝန်းက တစ်သံတည်းထုတ်ဖော်ပြောဆိုရေးအတွက် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးဝင်ဒီရှားမန်းနဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံတဲ့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက အောက်တိုဘာ ၁၉ ရက်မှာ ဝါရှင်တန်မြို့တော်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
နောက်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူအား လုံးပြန်လွှတ်ပေးဖို့၊ နှိပ်စက်ညှင်းပန်းမှုတွေကိုအရေးယူဖို့နဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်သွားဖို့ စတာတွေကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုလည်း စက်တင်ဘာလက အွန်လိုင်းကတစ်ဆင့် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

Public Service Announcement
