Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှ စစ်ကောင်စီသင်္ဘောသုံးစီး ပြန်စုန်ဆင်းလာပြီး ဧရာဝတီမြစ်ကမ်းဘေးရွာများကို Y-12 လေယာဉ်ဖြင့် ‌ဗုံးကြဲ

ဗန်းမော်မြို့မှစစ်ကောင်စီသင်္ဘောသုံးစီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာပြီး ရွှေကူ နှင့် ကသာမြို့နယ်စပ်ရှိ မြစ်ကမ်းဘေးကျေးရွာများကို Y-12လေယာဉ်ဖြင့် ‌ဗုံးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။

ဗန်းမော်မြို့သို့ဆန်တက်လာ​သော စစ်​ကောင်စီတပ်​ရေယာဥ်များကို KIA နှင့် KPDF တပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

သားကြီး/People’s Spring

ဗန်းမော်မြို့မှစစ်ကောင်စီသင်္ဘောသုံးစီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာပြီး ရွှေကူ နှင့် ကသာမြို့နယ်စပ်ရှိ မြစ်ကမ်းဘေးကျေးရွာများကို Y-12လေယာဉ်ဖြင့် ‌ဗုံးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသင်္ဘောသုံးစီးသည် ဗန်းမော်မြို့မှ စက်တင်ဘာလ ၂၁ရက်နံနက်တွင် စတင်ထွက်ခွာလာပြီးရွှေကူမြို့တွင်ညအိပ်ကာ ယနေ့(စက်တင်ဘာလ ၂၂ရက်) နံနက်တွင် ရွှေကူ နှင့် ကသာမြို့နယ်စပ်ကို ဖြစ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရွှေကူမြို့နယ်အဆုံးကသာမြို့နယ်အစ၊ စစ်ကိုင်းတိုင်းနဲ့ကချင်အဆပ် ချောင်းဝရွာနားကစပြီး လေယာဉ်ပေါ်ကနေ တန်းစီပြီးချတာ။ ထိခိုက်မှုတွေကို မသိရသေးဘူး။ အခုက မိုးတားလေးကျေးရွာကို ဆက်ဖြတ်နေတယ်”ဟု ပြည်သူ့ကာကွယ်‌ရေးရဲဘော်တဦးကပြောသည်။

အဆိုပါလေယာဥ်သည် မြစ်ကြီးနားလေတပ်မှတက်လာခြင်းဟုသိရပြီး မြစ်ကမ်းဘေးကျေးရွာဒေသခံများ သတိပြုနေထိုင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။ယနေ့နံနက်ပိုင်းတွင် ဆင်ခုံတိုင်၊ ဆိပ်သာ၊ မိုးတားရွာတို့ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်သည့် စစ်ကောင်စီသင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့(KIA) နှင့် PDFကတိုက်ခိုက်ခဲ့သည်။ ထီးချိုင့်မှ ဗန်းမော်မြို့နယ် အထိ့စစ်​ကောင်စီတပ်၏ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့်သင်္ဘောအပါအဝင် ရေယာဉ် ၇ စီးကိုသိမ်းဆည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံးကာ အချို့အားဖမ်းဆီးနိုင်ခဲ့သည်။

သင်္ဘောငါးစီးဆန်တက်သည်ကို KIA နှင့် PDFက စက်တင်ဘာလ ၁၇ရက်တွင် တိုက်ခိုက်ရာ လေးစီးပျက်စီးပြီး ဗန်းမော်မြို့သို့ တစ်စီးသာရောက်ရှိခဲ့သည်။ ထို့နောက် ဗန်းမော်မှသင်္ဘော၂စီးနှင့်အတူ စုစုပေါင်းသုံးစီး ပြန်လည်စုန်ဆင်းလာခြင်းဟု သတင်းရရှိသည်။

ဗန်မော် နှင့် ရွေကူကြား၌တိုက်ခိုက်ခံပြီးပျက်စီးသွားသည့်သင်္ဘောများကို စစ်ကောင်စီက ပြန်လည်ဆွဲယူလာကြောင်းလည်း သတင်းရရှိသည်။

စစ်ကောင်စီသည်ချင်းတွင်းမြစ်ကြောင်းတွင်လည်းကျောက်စိမ်း၊ သစ်လုံးများနှင့် ကြေးနီများတင်ဆောင်လာသော သင်္ဘောများ မုံရွာမြို့မှတစ်ဆင့်မန္တလေးမြို့ဘက်သို့လေကြောင်းလုံခြုံရေးအကူအညီရယူ၍ စုန်ဆင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook