Hi, what are you looking for?
ဖလမ်းအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ် CNDF ၊ ချင်းအမျိုးသားတပ်- CNA နှင့် ချင်းပြည်ကာကွယ်ရေးတပ် -CDFတို့ကပူးပေါင်း၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာအကြားတွင် ပထမဦးဆုံးအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့သည်ဟု CNOက ဆိုသည်။
လန်ဒန် သတ္တုဈေးကွက်(London Metal Exchange -LME)ကလက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှထွက်သောကြေးနီများကိုရောင်းဝယ်ခွင့်ရပ်နားပြီဖြစ်ကြောင်းအကြောင်းကြားစာကို ကြားခံရောင်းချပေးနေသည့် ကုမ္ပဏီများနှင့် သိုလှောင်ရုံများ ကို ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။