Connect with us

Hi, what are you looking for?

News

ဖလမ်းမှဟားခါးသွား​သော စစ်​ကောင်စီတပ်ယာဥ်တန်းသုံးကြိမ်တိုက်ခိုက်ခံရပြီး ၆၀ ​ကျော်​သေ

ဖလမ်းအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ် CNDF ၊ ချင်းအမျိုးသားတပ်- CNA နှင့် ချင်းပြည်ကာကွယ်ရေးတပ် -CDFတို့ကပူးပေါင်း၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာအကြားတွင် ပထမဦးဆုံးအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့သည်ဟု CNOက ဆိုသည်။

ချင်းပြည်နယ်၊ဖလမ်းမြို့မှ ဟားခါးမြို့ သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ကို ချင်းပြည်နယ်မှဒေသခံကာကွယ်ရေးတပ်များက လေးရက်အတွင်း သုံး ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးခဲ့ကြောင်းချင်းအမျိုးသားအဖွဲ့ချုပ်(Chin National Organization) က ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့မှ တင့်ကား ၂ စီး၊ မော်တော်ယာဉ် ၂၂ စီး ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ဟားခါးမြို့သို့ထွက်ခွာလာခြင်းဖြစ်ပြီး ​ဒေသခံကာကွယ်​ရေးတပ်များက ​ဖေ​​ဖော်ဝါရီ ၂၈ ရက်တွင်စတင်တိုက်ခိုက်ခဲ့သည်။ ​ဖေ​ဖော်ဝါရီ ၂၈ မှ မတ် ၃ ရက်အတွင်း စစ်​ကြောင်းကိုလိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ ၄ ဦး ကျဆုံးခဲ့သည်ဟုထုတ်ပြန်လျက်တွင်​ ဖော်ပြထားသည်။

ဖလမ်းအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ် CNDF ၊ ချင်းအမျိုးသားတပ်- CNA နှင့် ချင်းပြည်ကာကွယ်ရေးတပ် -CDFတို့ကပူးပေါင်း၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာအကြားတွင် ပထမဦးဆုံးအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့သည်ဟု CNOက ဆိုသည်။

ထိုအပြင် မတ် ၂ ရက်တွင် ဖလမ်းမြို့နယ် တားလ်ကျေးရွာနှင့် တလန်ဇာန်ကျေးရွာအကြားတွင် ဒုတိယအကြိမ်ပ​ဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့သည်။ ​ဒေသခံ မီဒီယာအချို့နှင့် ​ဒေသခံအချို့က ထိုတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်မှ ​သေဆုံးသူ ၄၀ ခန့်ပင်ရှိခဲ့​ကြောင်း​​ပြောကြားခဲ့ကြသော်လည်းPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

အလားတူမတ် ၃ ရက်တွင်လည်းရမ်ထလိုကျေးရွာနှင့်ဒေါက်ထက်ကျေးရွာအကြားတွင် မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးခဲ့သည်ဟု CNOကထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် CNDFဘက်မှ ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး CNAဘက်မှ ၃ ဦးကျဆုံးခဲ့ကာ ကျဆုံးခဲ့​သောရဲ​ဘော်များကို မတ်လ ၃ ရက်တွင် ဂုဏ်ပြုအခမ်းအနားဖြင့် သဂြိုဟ်ခဲ့သည်။

စစ်​ကောင်စီတပ်က တိုက်ခိုက်ခံရပြီး အထိနာပြီး​နောက် အနီးဝန်းကျင်ရှိ​ကျေးရွာအချို့မှ ​နေအိမ်များကို မီးရှို့ဖိက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။