သတင်း အာဏာသိမ်းခေါင်းဆောင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့မှုတွင် ဥရောပ ၁၀ နိုင်ငံ ထပ်တိုးလာ ထပ်မံရရှိသော သတင်းအချက်အလက်များအရ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ LuduNwayOoမေ 24, 2023
သတင်း မြင်းခြံအကျဥ်းထောင်မှ နိုင်ကျဥ်း ၄ ဦးကို စစ်ကောင်စီကထပ်မံခေါ်ထုတ်သွား မေလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့များက မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးအား ခေါ်ထုတ်သွားပြီးနောက် ကိုဥက္ကာဆိုသူ ကျဆုံးခဲ့သည်။ LuduNwayOoမေ 24, 2023
သတင်း မိတ္ထီလာတွင် ငါးရက်အတွင်း ဓားခုတ်ဓားထိုးမှု သုံးကြိမ်ဖြစ်၊ တစ်ဦးသေဆုံး မိတ္ထီလာမြို့သည် စစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိရာ မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုယက်ရိုက်နှက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 24, 2023
သတင်း မုန်တိုင်းသင့်ဒေသတွေအတွက် ဒေါ်လာ ၁၇ သန်း အမေရိကန် ထပ်တိုးကူညီ အခုထပ်တိုးကူညီမယ့် ဒေါ်လာ ၁၇ သန်းကိုလည်း USAID ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။ LuduNwayOoမေ 24, 2023
သတင်း မြင်းခြံနယ် မန်ကျည်းစုရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော် မီးလောင်၊ ဒေသခံ ပြည်သူ နှစ်ဦး မီးလောင်သေဆုံး ယနေ့ (မေလ ၂၄ ရက်) နံနက် ၁နာရီခန့်က မန်ကျည်းစုရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်ပြည်သူ တစ်ဦးကိုမူ အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 24, 2023
သတင်း မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများနေရာကို စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoမေ 24, 2023
သတင်း BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅) စီးနင်းတိုက်ခိုက်၊ BGF ၅ဦးသေဟု ထုတ်ပြန် KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့ ယခုမေလ ၁ရက်မှ ၁၅ရက်နေ့အတွင်း တိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦး သေဆုံးခဲ့ကြောင်း၊ တပ်မဟာ(၅)ဘက်က ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်းအသိပေးထားသည်။ LuduNwayOoမေ 24, 2023
သတင်း မုန်တိုင်းဒဏ်သင့် ချင်းပြည်သူများအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံပေးနိုင်ကြောင်း ICNCC အသိပေး ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ခဲ့သည့် မြို့နယ်များ၌ ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ မိုးကာများနှင့် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။ LuduNwayOoမေ 24, 2023
သတင်း ရခိုင်မုန်တိုင်းဘေးကူညီနေသည့် စာရေးဆရာကိုဝေဟင်အောင်အပါအဝင် ကူညီရေးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီ ဖမ်းဆီး ကိုဝေဟင်အောင် အပါအဝင် သုံးဦးသည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ရေလှူရန် သွားရောက်စဉ် အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး Border News Agencyက ဖော်ပြထားသည်။ LuduNwayOoမေ 23, 2023
သတင်း ရေးမြို့နယ်မြောက်ပိုင်း နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ခန့်သေဟု ကျားဖြူစစ်ကြောင်းအသိပေး ဒေသခံသတင်းရင်းမြစ်ကလည်း ရေးမြောက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားသည်ကို အရပ်သတင်းကြားရကြောင်း People’s Spring သို့ ပြောကြားသည်။ LuduNwayOoမေ 23, 2023