Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာတွင် ငါးရက်အတွင်း ဓားခုတ်ဓားထိုးမှု သုံးကြိမ်ဖြစ်၊ တစ်ဦးသေဆုံး

မိတ္ထီလာမြို့သည် စစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိရာ မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုယက်ရိုက်နှက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

(မိတ္ထီလာမြို့တွင် စစ်ကောင်စီ၏ လက်ပါးစေများက ဆိုင်ကယ်များအား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းကို အသုံးပြုထားပါသည်။)
(မိတ္ထီလာမြို့တွင် စစ်ကောင်စီ၏ လက်ပါးစေများက ဆိုင်ကယ်များအား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းကို အသုံးပြုထားပါသည်။)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင် ငါးရက်အတွင်း ဓားခုတ်ဓားထိုးမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက် ည ၁၁နာရီခွဲခန့်က မိတ္ထီလာမြို့ ပထမလမ်းမတော်တွင် အမျိုးသားနှစ်ဦးစီးလာသော ဆိုင်ကယ်အား ဆိုင်ကယ်တစ်စီးက ဘေးချင်းကပ်၍ လိုက်လာပြီး ဓားဖြင့် ထိုးသွားခဲ့ကြောင်း၊ ဆိုင်ကယ်လဲသွားပြီး အထိုးခံရသူမှာ နေရာတွင်သေဆုံးကာ ကျန်တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။

“သုံးယောက် တစ်ယောက်ကိုချုပ်ပြီး နှလုံးနေရာတည့်တည့်ကို အချွန်နဲ့ ထိုးသွားတာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

မေလ ၂၂ ရက်ကပင် နေ့လည်၂ နာရီခန့်က မိတ္ထီလာမြို့၊ ကျွဲတလင်းအုပ်စု ကမ္မကျေးရွာရှိ အိမ်တစ်အိမ်သို့ အမျိုးသားတစ်ဦးဝင်ရောက်လာပြီး အမျိုးသမီးအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှာ ဦးခေါင်းတွင်တစ်ချက်အခုတ်ခံရပြီး လက်များလည်းပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ မေလ ၁၈ ရက် ည ၇ နာရီခန့်ကလည်း မိတ္ထီလာမြို့ရှောင်လမ်း၊ သပြေဝရွာအနီး တွင် ဓားခုတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာများရရှိသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

မိတ္ထီလာမြို့တွင် အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက် ရိုက်နှက်မှုများ ပေါများနေ၍ သတိထားသွားလာနေရကြောင်း မြို့ခံများက ပြောသည်။

“ထီလာက အိမ်ထဲမှာပဲ နေတာကောင်းတယ်။”ဟု မြို့ခံတစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့သည် စစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိရာ မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုယက်ရိုက်နှက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။