သတင်း ရွှေဘို – မန္တလေးလမ်းပိုင်းရှိ လှတောရဲစခန်းနှင့် ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများ တိုက်ခိုက် ယမန်နေ့ (မေလ ၂၁ ရက်) ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ အရာရှိတစ် ဦးအပါအဝင် စစ်သားနှင့်ရဲ ၁၂ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။ LuduNwayOoမေ 22, 2023
သတင်း နွေဦးတော်လှန်ရေးအတွင်း CNDF ရဲဘော် ၃၂ဦး ကျဆုံး မေလ ၂၁ရက်တွင် ကျရောက်သည့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 22, 2023
သတင်း စစ်ကောင်စီတပ်စွဲထားသော လားရှိုးနည်းပညာအထက်တန်းကျောင်း ရှော့တိုက်ဒုံးဖြင့်အပစ်ခံရ "ပစ်ခတ်တာက ပထမတစ်ချက်ကြားတယ်။နောက်ထပ်သုံးချက်ဆက် ထပ်ကြားတယ်။ အိမ်တောင်တုန်တယ်" ဟု လားရှို့မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoမေ 22, 2023
သတင်း ကန့်ဘလူတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံးရက်ဆက် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်သည် မေလ ၁၈ ရက်နှင့် ၁၉ ရက်ကလည်း ကန့်ဘလူမြို့နယ်အတွင်းရှိ မန်ကျည်းကုန်းရွာကနေအိမ် ၁၄ လုံး၊ဆူးတပ်ရွာက အိမ်ခြေ အလုံး ၂၀တို့အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ LuduNwayOoမေ 22, 2023
သတင်း မုန်တိုင်းဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်လုပ်အားပေးကြရန် ရခိုင်လူငယ်များအား AA ပန်ကြား AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီက ယခုကဲ့သို့ ပန်ကြားခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 22, 2023
သတင်း စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ လားရှိုး၌ တိုက်ပွဲဖြစ်ဟု TNLA အသိပေး TNLA တပ်မဟာ(၆) စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ် ပန်မွန်းကျေးရွာအနီး သို့ စစ်ကောင်စီ လက်အောက်ခံတပ် ခမရ(၅၀၄) တပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoမေ 22, 2023
သတင်း မြန်မာ့အရေးနှင့်ပတ်သက်၍ အရေးပါသည့် အင်အားစုတိုင်းနှင့် ဆက်သွယ်ညှိနှိုင်းမည်ဟု ထိုင်းအနိုင်ရပါတီခေါင်းဆောင်ပြော “မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်” ဟု ၎င်းက ရေးသားသည်။ LuduNwayOoမေ 21, 2023
သတင်း မတရားဖမ်းဆီးခံရသည့် ရက်ဂေးအဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်လာ ရက်ဂေးအဆိုတော် စောဖိုးခွားသည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဒေါ်စိန်အေးသား သီချင်းသီဆိုမှုဖြင့် ပုဒ်မ ၅၀၅( ခ)နှင့် မတရားပုဒ်မတပ်ကာ ၂၀၂၁ ဒီဇင်ဘာ ၃၀ရက်တွင် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ကျခံခဲ့ရသည်။ LuduNwayOoမေ 21, 2023
သတင်း မုန်တိုင်းဒဏ်ခံ ရခိုင်ဒေသခံများလှူဒါန်းမည့်ဆန်များကို စစ်ကောင်စီ သယ်ခွင့်မပြု မေလ ၁၄ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား၌ ထိခိုက်ပျက်စီးမှုများနှင့် လူသေဆုံးမှုများ ရှိခဲ့သည်။ LuduNwayOoမေ 21, 2023
သတင်း တောင်သာမြို့နယ်တွင် ပျူသင်တန်းပေးနေသောကျေးရွာ၁၁ ရွာကိုစစ်မြေပြင်ဖြစ်လာနိုင်ဟု ပအဖသတိပေး တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်၏ ဇာတိနယ်ဖြစ်သည်။ထိုကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အားကောင်းသောဒေသဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။ LuduNwayOoမေ 21, 2023